"ကြင်ယာတော် ရွေးမှဖြစ်ပါမယ် မင်းကြီး"
ကြင်ယာတော် ဆိုတဲ့ စကားကြောင့် ChanYeol အမတ်ကြီးတွေကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်
သူတို့တွေ ငါ့ဒေါသကို လာစမ်းနေကြတာ ကြင်ယာတော် ဟုတ်လား မိန်းမ မဟုတ်တဲ့ ယောကျ်ား ကြင်ယာတော်ကို ရွေးခိုင်းနေတာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းကြီးက ဘယ်လိုလုပ် သဘာဝနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ယောကျ်ားတစ်ယောက်ကို ဘယ်လိုလုပ် ကြင်ယာတော်မြှောက်မလဲ ကျိန်စာကြောင့် ဒီတိုင်းပြည်က လူတွေရူးကုန်ကြပြီ
ChanYeol သူ အမြဲလမ်းလျှောက်နေကြ ရေကန်ကြီးဘေးတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမိသည် ကျိန်စာပျက်ပြယ်ဖို့အတွက် ဒီတိုင်းပြည်ကလူတွေက သူတို့မင်းကြီးကို ယောကျ်ားတစ်ယောက်နဲ့ လက်ဆက်စေချင်တဲ့ ကိစ္စအပေါ် သူ ဘယ်လိုမှလက်ခံလို့မရပေ
"သားတော်"
တိုးလျစွာထွက်ပေါ်လာသော အသံကြောင့် ChanYeol သူ့မယ်တော်ထံသို့ အပြေးသွားကာ ခစားလိုက်သည် နန်းဆောင်ထဲက အပြင်ကို သိပ်မထွက်တဲ့ ကျန်းမာရေးချို့တဲ့ တဲ့ မယ်တော်က အခုလို သူ့ဆီ တကူးတကလာရသည်ဆိုတော့ သေချာပြီ ဒါသူ့ကို နားချဖို့
ChanYeol သူ့မယ်တော် လက်ကိုတွဲကာ ဖြေးဖြေးခြင်း ရေကန်ကြီးဘေးတွင် လမ်းလျှောက်နေမိသည်"သားတော် မမွေးခင်က ဒီရေကန်ထဲမှာ ကြာပန်းလေးတွေနဲ့ သိပ်ကို သာယာခဲ့တာ"
သူ့မယ်တော်ပြောမှ ရေကန်ကြီးကို သတိထားကြည့်မိတော့ ကြည်ကြည်လင်လင်ရှိရမယ့် ရေတွေအစား နောက်ကျိကျိရေတွေ ပြီးတော့ သူ သတိထားမိနေတဲ့ နန်းတော်ထဲက သစ်ပင်တွေ အကိုင်းအခတ်တွေကလွဲပြီး အပွင့်အရွက် တစ်ခုမှမရှိပဲ ခြောက်ကပ်ကပ်နဲ့.. တစ်ကယ်တော့ နန်းတော်တစ်ခုလုံးတင်မက တိုင်းပြည်တစ်ခုလုံးပါ ခြောက်သွေ့ပျက်စီးနေတာပဲ ဒါဟာ ကျိန်စာကြောင့်လား
ChanYeol တစ်ယောက် ကျိန်စာသင့်တယ်ဆိုတာကို အနည်းငယ်ယုံကြည်ချင်စပြုလာတယ်
"အမတ်ကြီးတွေပြောတာ လက်ခံလိုက်ပါသားတော်"
တိုးလျစွာထွက်ပေါ်လာတဲ့ မယ်တော့်အသံက အေးချမ်းနေပေမယ့် တုန်လှုပ်မှု နဲ့ အကြောက်တရားတို့ကို ခံစားရတယ်
YOU ARE READING
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi