အမတ်ကြီးတွေ တင်ထားတဲ့ လျှောက်တင်လွှာ စာလိပ်တွေကို သဲကြီးမဲကြီး ဖတ်နေပြီး Chanyeol နန်းတွင်းရေးရာ တိုင်းပြည်ရေးရာတို့ကို စီမံခန့်ခွဲနေသည် .. Chanyeol ဘေးတွင်တော့ ကြမ်းပြင်ပေါ် လူးလှိမ့်ပြီး ရသမျိုးစုံကျမ်းစာအုပ် ဖတ်နေသော BaekHyun ~
" လေးနက်တဲ့ မြင့်မြတ်တဲ့ မှန်ကန်တဲ့
အသိဉာဏ်ရှိမှသာ အဲ့ဒီလူကို ဘဝမှာ
ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ် "BaekHyun စာအုပ်ထဲမှ စာတွေ အော်ဖတ်နေပြီး မျက်လုံးလေးဆွေကာ စဉ်းစားနေပြန်သည် .. သူဖတ်သာဖတ်နေရသည် အဓိပ္ပါယ်ကား ဘာမှန်းမသိ ..
Chanyeol တစ်ယောက် BaekHyun ပုံစံလေးကို ကြည့်ကာ ပြုံးစိစိလုပ်နေမိသည် .. BaekHyun သည်ကား ပကတိဖြူစင်နေလွန်းသည်လေ .. အခုပဲကြည့် လွယ်လွယ်ကူကူ ကဗျာစာအုပ်ဖတ်ဖို့ပြောတုန်းက ငြင်းဆန်ပြီး သူသည် အရွယ်ရောက်ခါစ လူကြီး တစ်ပိုင်းဖြစ်နေပြီဆိုပြီး ထို ရသမျိုးစုံကျမ်းစာအုပ်ကိုမှ ရွေးဖတ်သည် ပြီးတော့ ထိုစာတွေရဲ့ အဓိပ္ပါယ်တွေကို သူ တစ်စိုးတစ်စိမျှ နားလည်ပုံမပေါ် ..
BaekHyun စာအုပ်လေးကို အသာပိတ်ကာ ခေါင်းအုံးပြီး အိပ်လေတော့သည် .. သူ့အတွက် ဒီအလုပ်သည်သာ အသင့်တော်ဆုံးဟု ဆုံးဖြတ်လိုက်ပုံပင် .. Chanyeol အိပ်နေသော BaekHyun ကိုကြည့်ပြီး ခေါင်းတခါခါနှင့်သာ မိမိအလုပ်မိမိ ဆက်လုပ်နေတော့သည် ..
•~•~•~•~•~•~•~•~
BaekHyun ... ငါ့ကိုကယ် .. BaekHyun
BaekHyun အသံကြားရာ နေရာဆီသို့ စမ်းတဝါးဝါးသွားနေမိသည် .. ကြက်သီးဖြန်းဖြန်းထချင်စရာနေရာ .. မြူတွေက အုံ့ဆိုင်းပြီး ဘာဆိုဘာမှမမြင်ရသော ထိုနေရာတွင် BaekHyun အသံကြားရာ နေရာကို လိုက်ရှာနေမိသည် ..
BaekHyun .. BaekHyun .. BaekHyun ..
သူသွားသည့်နေရာက တဖြည်းဖြည်းမှောင်လာလေလေ အသံကြားရတာ ပိုပီပြင်လာလေလေ ..
BaekHyun ..
နောက်ဆုံးတော့ ထိုလူကို BaekHyun တွေ့သွားလေပြီ ..
အမှောင်ထဲတစ်နေရာတွင် ခွေခွေလေးလဲကျနေပုံရသော ထိုလူသည် အဖြူရောင် ဆံပင်ရှည်တို့က ဝဲကျလျက် အပြာနုရောင်ဝတ်ရုံလွှာပေါ်တွင်တော့ ပေကျံနေသော သွေးစသွေးနများက ဒဏ်ရာပြင်းပြင်ထန်ထန်ရထားပုံပေါ်နေသည် ..
VOUS LISEZ
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi