Part-11

10.6K 1.1K 62
                                    

နံနက်ခင်း ဝေလီဝေလင်း အချိန်မှာ တကျွတ်ကျွတ် စုပ်သတ်ပြီး နိုးလာတဲ့ Luhan ကတော့ စိမ်းနေတဲ့ ပတ်ဝန်းကျင်ကိုအကဲခတ်နေရင်း ပြီးမှ ဘေးဘယ်ညာကြည့်တော့ ကိုယ်ဗလာဖြင့် အိပ်နေသော Sehun ကြောင့် သူ့ကိုယ်သူ ပြန်ကြည့်ရင်း ဘာအဝတ်အစားမှမရှိပဲ ဗလာနတ္ထိ ခန္ဓာကိုယ်ကြောင့် ကုန်းအော်တော့သည်

"အားးးးးးးးး!!!!"

Luhan အော်သံကြောင့် Sehun အိပ်နေရာမှ ဝုန်းခနဲထကာ

"ဘာလဲ ဘာဖြစ်တာလဲ!!"

"ဟီးးအီးး ဟင့် နိမ့်ကျတဲ့ လူယုတ်မာကောင် မင်းမနေ့က ငါမူးနေတယ်ဆိုပြီး ယုတ်မာလိုက်တာမို့လား အီးးဟီးး"

"အောင်မာ ဒီမှာ တဏှာမင်းသား မူးရူးနေပြီး ဘာမှမသိပဲနဲ့များ မနေ့က ကျုပ်ဘာကျုပ်အိပ်နေတာကို မုဒိန်းလာကျင့်တာ ဘယ်မင်းသားလဲ လူကသာသေးတာ တဏှာထနေတဲ့အချိန်ကျ အားကကြီးသေး ဒီမှာ နစ်နာသူက ကျုပ် အဲ့ဒီဘက်က မင်းသား မဟုတ်ဘူး"

Sehun ဒေါသကြီးစွာ ပြောတော့ Luhan ခေါင်းကုတ်ကာ ညကအကြောင်းတွေ စဉ်းစားနေမိသည် ~ ဟုတ်လဲဟုတ်ပေသည် မူးမူးရူးရူးနဲ့ ညည့်နက်သန်းခေါင်ထပြီး Sehun ကို အနိုင်ကျင့်မိသည် မဟုတ်သေးဘူး ယုတ်မာမိသည်လေ

"ဟင့် ငါတော့ဘဝပျက်ပါပြီ"

Luhan ရှုံ့မဲ့ကာ ညည်းတော့ Sehun ခဗျာ မျက်လုံးကြီးပြူးပြီး ပါးစပ်ကြီးလဲ ဟလို့ရယ် ခံရတာက သူပါလေ ဘယ်လိုဖြစ်လို့ အဲ့ဟာလေးက ဘဝပျက်ရသတုန်း

"ဒီမှာ မင်းသား"

"Luhan မင်းသားလေးလို့ခေါ်စမ်းပါ"

"မခေါ်နိုင်ပါဘူး ကျုပ်ပါးစပ်က မင်းသားလို့ခေါ်ပေးတာပဲကျေးဇူးတင်ပါဦး"

Luhan မျက်နှာကို ဆူပုပ်ပြီး နှုတ်ခမ်းကို ထော်ထားသည်

"ကျုပ်ကို ဘယ်လိုတာဝန်ယူမှာလဲ ပြော"

Luhan ဘာအပြစ်မှမကျူးလွန်ထားသည့်အတိုင်း မျက်လုံးလေးကလည်ကလည်လုပ်ကာ

"တာဝန်ယူရမယ်?"

"ဟုတ်တယ်"

"ဘယ်ဖြစ်မလဲ မင်းလို နိမ့်ကျတဲ့သူကို ငါကတာဝန်ယူလို့ .. မဖြစ်ဘူး မဖြစ်ဘူး ~ ငါအခု ဂျိုဆွန်းနန်းတော်ကိုပြန်မယ် ငါ့အကိုတော်နဲ့တိုင်ပင်ပြီးရင် မင်းလိုချင်သလောက် ငွေသားတောင်း ငါပေးမယ် အများကြီးတော့မတောင်းနဲ့ပေါ့"

The Light Of EgoWhere stories live. Discover now