Part-17 (Unicode)

632 71 0
                                    

"မင်းကြီး~"

Chanyeol စစ်သူကြီးများနှင့် အမဲလိုက်ထွက်ကြဖို့ပြင်ဆင်နေတုန်း နောက်ကလှမ်းခေါ်တဲ့ BaekHyun အသံကြောင့် လှည့်ကြည့်မိလိုက်တယ် ..

"ဘယ်သွားမလို့လဲဟင်"

BaekHyun Chanyeol ဘေးလေးပြေးကပ်ကာ တိုးတိုးလေးမေးတော့ Chanyeol အူယားစွာနှင့် BaekHyun နှာခေါင်းလေးကို ဖျစ်ညှစ်မိသည် ..

"ကိုယ်တော် စစ်သူကြီးတွေနဲ့ အမဲလိုက်ထွက်မလို့"

"ကျနော်မျိုးလဲ လိုက်မယ်လေ"

မဆိုင်းမတွ ခပ်သွက်သွက်အဖြေပြန်ပေးတဲ့ BaekHyun ကိုကြည့်ကာ Chanyeol ရယ်ကျဲကျဲလုပ်နေမိသည် .. BaekHyun သည်ကား ပြူးတူးကြောင်တောင်နှင့်သာ Chanyeol ကို မော့ကြည့်နေသည် ..

"ဗြောင်လေးက ငယ်သေးတာကို.. မလိုက်ပါနဲ့လား"

"ဟာ မငယ်တော့ပါဘူး မင်းကြီးရာ တစ်နေ့ထက်တစ်နေ့ ထွားထွားလာတာကို"

သူ့ရဲ့ အောက်ပိုင်းတစ်နေရာကို ကြည့်ပြီး တွေးချင်ရာတွေးကာ ရှေ့မကြည့်နောက်မကြည့် ပြောချလိုက်တဲ့ BaekHyun စကားကြောင့် Chanyeol ပူထူကာ မျက်နှာရဲသွားသလို စစ်သူကြီးများမှာလဲ ပြုံးစိစိနှင့် ကျိတ်ရယ်သူကရယ်နေပြန်သည် ..

"မင်းကြီးလို့ဆို~"

BaekHyun Chanyeol လက်မောင်းကိုဆွဲထားကာ ကပ်ချွဲနေတော့ Chanyeol သူ့စစ်သူကြီးများကို မျက်နှာရိပ်မျက်နှာကဲ ပြကာ အပြင်ထွက်ခိုင်းလိုက်သည် ..

"လိုက်မယ်နော် မင်းကြီးနော်"

BaekHyun Chanyeol ရင်ခွင်ထဲအတင်းဝင်တိုးကာ ပါးလေးကိုဖောင်းထားသေးသည် ..

"အန္တာရာယ်များလို့ပါ ဗြောင်လေးရယ် နေခဲ့ပါလား"

BaekHyun နှုတ်ခမ်းကိုဆူထားပြီး ခေါင်းကို အတင်းခါယမ်းကာ ငြင်းဆန်ပြန်သည် ..

"ဘယ်လိုလေးလဲ ဗြောင်လေးရယ် .. ကိုယ်တော်က စိတ်ပူလို့ စိတ်မချလို့ နေခဲ့ခိုင်းတာကို.."

"စိတ်လဲမပူနဲ့ စိတ်မချလဲမဖြစ်နဲ့ ကျနော်မျိုးမှာ ကိုယ်ရံတော် ရှိတယ်"

Chanyeol စဉ်းစားရချေပြီ ~ ဗြောင်လေးအတွက် ကိုယ်ရံတော်လဲ မခန့်ထားပါဘူး ဘယ်ကများ ရောက်လာတာပါလိမ့် .. မဟုတ်မှလွဲ

The Light Of EgoDonde viven las historias. Descúbrelo ahora