YiXing သူ့ပုခုံးပေါ်မှာ နားနေတဲ့ ဇီးကွက်တစ်ကောင်ရဲ့ ခြေထောက်မှာချည်ထားတဲ့စာကို ဖြုတ်နေတုန်း Luhan ရောက်လာပြန်တယ်
"ဆရာ့ဆီကလား GeGe"
YiXing ဘာစကားမှပြန်မဆိုပဲ စာကိုစိတ်ဝင်တစားဖတ်နေတော့ Luhan ငြိမ်နေလိုက်သည် .. သူ စာထဲမှာပါတဲ့ အကြောင်းအရာတစ်ချို့ကြောင့် သက်ပြင်းမောတစ်ခုချမိလိုက်တော့ Luhan က အားငယ်စွာမော့ကြည့်လို့နေတယ်
"ကောင်းတာလား ဆိုးတာလား GeGe"
YiXing ပြုံးပြီး အသာခေါင်းခါပြလိုက်တယ်.. တစ်ချို့တစ်ချို့သောအကြောင်းအရာတွေက ငယ်သေးတဲ့ Luhan အတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်နေတာမို့ သူ မပြောပြဖို့ ဆုံးဖြတ်လိုက်တယ်
"မကောင်းတာတော့မဟုတ်ပါဘူး လပြည့်ကျော်ရင် Ge တို့ နိုင်ငံပြန်ရမှာ သိတယ်မို့လား"
"သိတယ်လေ GeGe ရဲ့ ဟင့် BaekHyun မင်းသားနဲ့ မခွဲချင်သေးတာကို"
YiXing ပြုံးပြီးသာကြည့်နေလိုက်သည် Luhan က BaekHyun ကို သိပ် သံယောဇဉ်ဖြစ်နေရှာတာကိုး..
"Ge တို့လုပ်ရမယ့်အလုပ်က Geတို့ ချင်နိုင်ငံကို အယောင်ပြပြန်ပြီး ဂျိုဆွန်းမှာ ပုန်းကွယ်ပြီး ဆက်နေရမှာ"
"ကောင်းတာပေါ့ ဒီလိုဆို ကျနော် BaekHyun မင်းသားငယ်ကို နေ့တိုင်းလာချောင်းလို့ရပြီ"
လက်ခုပ်လက်ဝါးတီးပြီး အပျော်ကြီးပျော်နေတဲ့ Luhan ကိုကြည့်ရင်း YiXing ခေါင်းတခါခါနှင့်.. ဒီတိုင်းသာဆို သူ ဒီဟာလေးကို လိုက်ထိန်းရတာနဲ့တင် လိုရင်းရောက်တော့မှာကို မဟုတ်ဘူး~
ရုတ်တရက် Luhan လမင်းကြီးကို ခပ်တွေတွေငေးကြည့်နေရင်း
"မနက်ဖြန်ဆို လပြည့်ပြီ ~"
YiXing ခပ်ဆွေးဆွေးပြောလာတဲ့ Luhan ရဲ့ ပုခုံးကို တစ်ချက်ပုပ်ပြီး အားပေးလိုက်တယ်..
YiXing သူ သိနေသည် ... အဲ့ဒီအချိန်တုန်းက သူ့ ချစ်သူ စစ်ပွဲမှာ ကျသွားတဲ့အချိန်တုန်းက သူ ကိုယ့်ကိုယ်ကို စတေးဖို့အထိ လုပ်ခဲ့ဖူးတာ ဆရာက အချိန်မှီတားပြီး Luhan ကို စောင့်ရှောက်ပြီး ကူညီဖို့ မှာလိုက်တဲ့အချိန် .. သူ့ ကို ဆရာက Luhan ရဲ့ အသက်အန္တာရာယ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ချို့ပြောပြခဲ့တာကို Luhan ကြားသွားခဲ့တယ်မို့လား.. ဒါကြောင့် Luhan စိုးရိမ်နေတာတွေ ကို Ge သိတယ် ..
YOU ARE READING
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi