"ဟို ကျနော်မျိုး ဒါကြီးတွေ ဝတ်လို့ မဖြစ်လောက်ဘူးထင်တယ်"
Tao တစ်ယောက် ကိုယ်တော်လေး Luhan ယူလာခဲ့ပေးသော ဝတ်စုံကိုကိုင်ကာ မဝံ့မရဲနှင့် မေးမြန်းမိသော်လည်း BaekHyun နှင့် Luhan မှာတော့ ဂရုမစိုက်စွာပဲ Tao ၏ အိတ်ထဲမှ ပစ္စည်းများကို စိတ်တိုင်းကျမွှေနေလေသည်..
"ဟို ကိုယ်တော်လေး Luhan နဲ့ BaekHyun မင်းသား .. ကျနော်မျိုးကိုလဲ အဖတ်လုပ်ကြပါဦး"
Tao ၏ ငိုသံစွက်နေသည့် အသံကိုကြားတော့မှ BaekHyun နှင့် Luhan တို့နှစ်ယောက် Tao ရှိရာအရပ်ဆီသို့ လှည့်ကြည့်ဖြစ်ကြသည်..
"ဟို ကျနော်မျိုးကို ရုပ်ဖျက်စေချင်တယ်ဆိုလဲ တခြားပုံစံလုပ်ခိုင်းပါလား ဒီရှန့်ကုန်းဝတ်စုံကြီးကတော့ နည်းနည်း.."
Tao မျက်နှာလေးရှုံ့မဲ့ကာ ခေါင်းတကုတ်ကုတ်ဆိုရှာတော့ Luhan ပြူးပြူးလေးကြည့်ကာ
"အယ်ပီကလဲ ဝတ်မကြည့်သေးပဲနဲ့ ဝတ်ကြည့်ပါဦး အယ်ပီနဲ့ သင့်တော်မှာပါ"
Tao မဝတ်နိုင်ဘူးဟူ၍ ခေါင်းတွင်တွင်ခါလေတော့ လေးလေးနက်နက်တွေးတောနေပုံရသည့် BaekHyun မျက်ခုံးလေးပင့်ကာ မေးခွန်းထုတ်လာလေသည် ..
"မောင်မင်း ကိုယ်ခံပညာတက်သလား အယ်ပီ"
Tao လျှင်မြန်စွာ ခေါင်းငြိမ့်ပြလေသည်
"အဲ့ဒါဆိုလဲ ကိုယ်ရံတော် ဝတ်စုံတောင်းပေးမယ်"
BaekHyun စကားကြောင့် Tao စိတ်အေးလက်အေးဖြစ်သွားကာ လေပူများမှုတ်ထုတ်နေမိသည် ..
"ဒါနဲ့ အယ်ပီ ဒါလေးက မွှေးလိုက်တာ ဘာလေးလဲ"
Tao BaekHyun ကိုင်ထားသော ဗူးလေးကိုကြည့်ကာ ပြုံးလိုက်မိသည် ..
"ဒါလေးက ဒီလို မင်းသားရဲ့ လာ ကျနော်လုပ်ပေးမယ်"
Tao BaekHyun လက်ထဲမှ ဗူးလေးကိုယူကာ မျက်နှာအနှံ့လိမ်းပေးနေလေတော့ မျက်စိလေးမှိတ်ကာ ငြိမ်ခံနေသည့် မင်းသားကြောင့် ရယ်ချင်နေမိသည် ..
"ဒါက နေလောင်ဒဏ်ကာကွယ်ပေးတယ်"
BaekHyun မှာတော့ Tao ၏ စကားတို့ နားထဲမဝင်ပဲ မွှေးသွားသော သူ့ပါးပြင်အား Luhan ကို အတင်းမွှေးခိုင်းနေလေ၏ ..
YOU ARE READING
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi