Part-15 (Unicode)

648 81 0
                                    

Chanyeol နတ်နန်းမှ ယူဆောင်လာသော သလင်းကျောက်ပြားပေါ်မှ သင်္ကေတများကို သေချာကြည့်နေမိသည် ..

"ဒါတွေက ဘာအဓိပ္ပါယ်လဲ YiXing"

ဘေးနားမှာ မတ်တပ်ရပ်ပြီး ခစားနေတဲ့ YiXing က ရိုကျိုးစွာနှင့်

"မင်းကြီး ကြည့်နေတဲ့ သင်္ကေတတွေက အလင်းစစ်သည် ဆယ့်နှစ်ယောက်ရဲ့ သင်္ကေတတွေပါ.. မှိန်နေတဲ့ သင်္ကေတတွေက မမွေးဖွားရသေးတဲ့သူတွေ သေဆုံးပြီး ပြန်လည်မွေးဖွားခြင်းမရှိသေးတဲ့သူတွေပါ .. လင်းနေတဲ့ သင်္ကေတတွေကတော့ ယခုလက်ရှိအသက်ရှင်လျက်ရှိပြီး စွမ်းအင်ကိုပိုင်ဆိုင်ထားတဲ့ သူတွေပါ .."

YiXing ပြောသမျှသေချာနားထောင်နေတဲ့ Chanyeol က ထို သလင်းကျောက်ပြားလေးကို အသေချာလိုက်ကြည့်ကာ

"ဒါဆို ဒီတစ်ဝက်လင်းပြီး တစ်ဝက်မှိန်နေတာကရော"

Chanyeol အမေးကို YiXing လဲ ဖြေနိုင်ခြင်းမရှိခဲ့ .. အထူးသဖြင့် လက်ရှိရှင်သန်သူ စွမ်းအားပိုင်ဆိုင်ထားသူ ငါးယောက်သာ ရှိသည်ဟု ထင်ထားသော်လည်း လင်းနေသော သင်္ကေတမှာ ခြောက်ခုဖြစ်နေပြီး နောက်တစ်ခုမှာတော့ လင်းတစ်ဝက်မှိန်တစ်ဝက်သာ ..

"စိုးရွံ့မိပါတယ် မင်းကြီး .. ကျနော်မျိုး မသိပါဘူး"

YiXing ခေါင်းငုံ့ကာပြောတော့ Chanyeol သက်ပြင်းသဲ့သဲ့ချပြန်သည် .. ရှုပ်ထွေးလွန်းမက ရှုပ်ထွေးလာပြန်ပြီ ..

"မင်းကြီး"

အခစားဝင်လာသော Sehun ကို Chanyeol လက်ကာပြကာ ပြောဆိုသော သဘောနှင့် ခေါင်းငြိမ့်ပြတော့

"BaekHyunee ကို ဘယ်အချိန်ထိ ရှောင်နေဦးမှာလဲ"

Sehun အမေးတွင် Chanyeol မျက်နှာပျက်သွားသည် ..

"ဗြောင်လေး သက်သာရဲ့လား Sehun"

စိုးရိမ်တကြီး မေးမြန်းလာတဲ့ Chanyeol စကားကြောင့် Sehun သက်ပြင်းသဲ့သဲ့လေးချကာ

"ဒီလောက်စိုးရိမ်နေတာကို ဘာလို့ မျက်နှာသွားမပြရတာလဲ မင်းကြီး"

Chanyeol ဘာပြောရမှန်းမသိတော့ပဲ ဝတ်ရုံစကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ချေထားမိတယ်

The Light Of EgoOù les histoires vivent. Découvrez maintenant