"ဂွမ်ဂျူနယ်စားမင်းရဲ့ သမီးတော် သခင်မလေး JiEun အခစားဝင်ရောက်ကြောင်းပါ မင်းကြီး"
Chanyeol မိမိဘေးနားမှာ ငုတ်တုတ်ထိုင်ငိုက်နေတဲ့ BaekHyun ကို တစ်ချက်စောင်းငဲ့ကြည့်ပြီး သက်ပြင်းအသာချမိသည် .. ညခင်းအချိန်မတော်တောင် အခစားဝင်ဖို့ တောင်းဆိုရဲတာ .. ဒါ ငါကိုယ်တော်ကို အထင်သေးတာပဲ ..
"မနက်ဖြန် မနက်ခင်း ညီလာခံမှသာ အခစားဝင်ဖို့ အကြောင်းပြန်ပေးပါ အထိန်းတော်ကြီး .. ခရီးကြမ်းကလာရတာ ဖြစ်လို့ သက်တောင့်သက်သာ အနားယူစေဖို့သာ အာရုံစိုက်ခိုင်းလိုက်ပါ"
Chanyeol အထိန်းတော်ကြီးကို အမိန့်ပေးပြီး BaekHyun ကို ပြန်ကြည့်မိတော့ မျက်လုံးလေးကို လက်လေးနှစ်ဖက်နှင့် ပွတ်နေပြီး အိပ်မှုံစုတ်ဖွားပုံစံလေးမို့ အချစ်တိုးရပြန်သည်..
"နိုးသွားပြီလား ဗြောင်လေး"
ပြောခါမှ သူ့ကိုအတင်းမှီကာ လာအိပ်နေသော BaekHyun ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အော်ရယ်မိလေသည် ..
"ကဲပါ ဗြောင်လေးရယ် နိုးနေရင်လဲ ထတော့လေ.."
"မထချင်ပါဘူး .. "
နိုးနေရက်နှင့် တမင်ပေကပ်ကပ်လုပ်နေသော BaekHyun ကြောင့် Chanyeol ခေါင်းတစ်ခါခါဖြစ်ရပြန်သည် ..
"မင်းကြီး ကျနော်မျိုးတို့ လသာဆောင်သွားရအောင်လား"
Chanyeol အပြုံးလေးတစ်ခုနှင့်သာ ပြန်တုံ့ပြန်ပြီးသည့်နောက် .. အခြွေအရံများနှင့်တကွ လာသာဆောင်ဆီသို့ ဦးတည်မိကြသည် ..
•~•~•~•~•~•~•~•~
"မင်းကြီး ဂွမ်ဂျူနယ်စားမင်းရဲ့ သမီးကို မိဖုရားမြှောက်ဖို့ စဉ်းစားနေပြီလား"
Chanyeol ဘာအဖြေမှ ပြန်မပေးပဲ BaekHyun လက်လေးကိုသာ သေချာ ဆုပ်ကိုင်ပြီး လမ်းလျှောက်နေတော့ နှုတ်ခမ်းဆူကာ ဆန္ဒပြလာသော BaekHyun ..
"ကိုယ်တော် ဘာလို့များ တိုင်းပြည်ရဲ့ မင်းတစ်ပါးအဖြစ် မွေးဖွားလာခဲ့ရတာလဲ မသိဘူး .. "
Chanyeol ရဲ့ ခပ်ဆွေးဆွေးစကားတစ်ခွန်းမှာ BaekHyun မျက်နှာလေးဟာ ညှိုးငယ်လျက် ..
BINABASA MO ANG
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi