YiXing စာကြည့်ဆောင်မှာ စာရွက်လိပ်များနှင့် အလုပ်ရှုပ်နေချိန် ဘေးနားမှ Luhan ကရိသဲ့သဲ့နှင့် ဝေ့လည်ဝေ့လည် လုပ်နေသည်
"Luhan~ Ge ကို ပြောစရာရှိလို့လား"
ထိုအခါမှ Luhan YiXing ဘေးနား မျက်နှာငယ်လေးနဲ့ ဝင်ထိုင်ကာ ..
"GeGe ~ Luhan တို့ဆရာ အဆင်ပြေရဲ့လားဟင် သူ အကိုတော် YongWu ဆီမှာ အသတ်တော့မခံရလောက်ပါဘူးနော်"
စိတ်နာခြင်းဆိုတာ ဘာမှန်းမသိလောက်အောင်ကို ဖြူစင်လွန်းနေတာလား Luhan ရယ်~ ခမည်းတော် မယ်တော်ပါမချန် အိမ်ရှေ့စံကိုပါ သတ်ပစ်ခဲ့တဲ့ သူကို အကိုတော်လို့ ခေါ်နိုင်တုန်းပဲလား .. ဒါကြောင့်လဲ ဆရာက မှာကြားခဲ့တာ Luhan ဟာသိပ်နုနယ်တာ .. အသက်အန္တာရာယ် ခဏခဏကြရောက်တတ်လောက်အောင်ကို ဖြူစင်လွန်းတာမို့ .. သူ့ကြင်ယာတော်မတွေ့မခြင်း သူ့ ကို စောင့်ရှောက်ဖို့ မှာကြားခဲ့တာ..
"ဆရာအသက်ရှင်လျက်ရှိဦးမှာပါ Luhan ရဲ့"
အခုမှ စိတ်အေးသွာဟန် လုပ်ပြနေတဲ့ Luhan ကြောင့် YiXing မှာ သက်ပြင်းခပ်ဖွဖွချလို့ရယ်သာ ..
ဒါပေမယ့် ရုတ်တရက်ရောက်ချလာတဲ့ ဇီးကွက်ကြောင့်YiXing စိတ်ထဲတော်တော်ကြီးကို လေးသွားသလို Luhan သည်လဲ ထိတ်လန့်သည့်ဟန်ပန်ဖြစ်နေသည်
ဒီဇီးကွက်ဟာ .. သူ့ဆရာမွေးမြူထားခြင်းသာ အရေးကြီးမှသာ ရောက်လာခဲ့တာ .. အရင်တစ်ခါရောက်လာတုန်းက ပုန်ကန်မှုကြောင့် ချင်နိုင်ငံကို ပြန်မလာစေရန် အသိပေးသည့်စာ .. ဒါဆို အခုတစ်ခါကရော ..
ငယ်ငယ်ကတည်းကစလို့ အစစအရာရာ သင်ကြားပြသပေးတဲ့ ဆရာမှာ တပည့်ဟူ၍ YiXing နှင့် Luhan သာ ရှိလေသည် YongWu မင်းသား မဆိုထားဘိ အိမ်ရှေ့စံတောင် တပည့်အဖြစ် လက်သင့်မခံပဲ YiXing နှင့် Luhan ကိုသာ တပည့်အဖြစ်လက်ခံသည့် ဆရာကို YongWu မင်းသားဟာ ဘယ်တော့မှ မကျေနပ် ..
ထိုကြောင့် ယခုအခြေနေသည် သူတို့ခန့်မှန်းမိလိုက်တဲ့ အခြေနေဆိုးတစ်ရက်ဖြစ်မလာစေရန် ဆုတောင်းပြီး ဇီးကွက်ရဲ့ခြေထောက်မှာ ချည်ထားတဲ့ စာရွက်လိပ်ကို ဖွင့်ဖတ်မိတော့ ထိတ်လန့်စွာနှင့် YiXing စားပွဲခုံကိုအသာ ဆုပ်ကိုင်မိသည် ..
STAI LEGGENDO
The Light Of Ego
FanfictionSupernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi