Ep~19

8K 917 62
                                    

"အင်း....ဟင်း..."

သက်​ပြင်းချသံလား..
နာကျင်​​နေလို့ညည်း​နေ​တဲ့အသံလား..
နေမ​ကောင်းလို့ညီးညူ​နေတဲ့အသံလား ခွဲခြား
မသိ​ပေမယ့်​ နာရီ​လက်တံ​လေးတ​ချောက်​​​ချောက်မြည်​နေသည့်​အကြိမ်​နှင့်​အမျှ ကြား​နေရတဲ့
ထိုအသံသဲ့သဲ့​ကြောင့်​ အအိပ်​မက်​​သော Baekhyunne ပင်​နိုးလာပြီးမျက်​လုံးတစ်​ချက်
ဖွင့်​ကြည့်​ကာ ​ဘေးနားကလက်​တစ်​ပြန်​အကွာ
လောက်​မှာအိပ်​​နေ​သော Chanyeol ကိုလှမ်းကြည့်​၏..

နှာ​ခေါင်း​ပေါက်​​လောက်​ရှိတဲ့အခန်းကျဉ်းကျဉ်း​လေးထဲ သက်​ရှိဆိုလို့ သူနဲ့ Chanyeol နဲ့ပဲ
ရှိ​လေရာထိုအသံက Chanyeol ဆီက​နေပဲထွက်​​ပေါ်လာ​သောအသံဖြစ်​​ပေမည်​..

Baekhyunne ခင်း​အိပ်​​နေတဲ့ဂွမ်း​စောင်​​လေး
ပေါ်မှထလိုက်​ကာ Chanyeol ​ဘေးသို့ဖင်
တရွတ်​တိုက်​သွား​လေသည်​..

Chanyeol အိပ်​​နေသည်​မှာပါးစပ်​​လေးဟကာ
ဟောက်​​နေတာလား ညီး​နေတာလားမသိ​သော
အသံများထွက်​​နေ​လေသည်​...

Baekhyunne သူ့လက်​​သေး​သေး​လေးများဖြင့်
Chanyeol ရဲ့မျက်​နှာ​ရှေ့ကိုဟိုယမ်းဒီယမ်းလှုပ်​​ပြ
၏..

Chanyeol ကသိပုံပင်​မ​ပေါ်..

"အင်း.."

"ခါးအရမ်းနာ​နေတာလား...Hyung..?"

Baekhyunne သူ့တစ်​ကိုယ်​တည်းကြားနိုင်​​လောက်​တဲ့အသံ​လေးနှင့်​​ပြောလိုက်​တာပါ..

Heater မရှိတဲ့အခန်းထဲအ​နွေးဓာတ်​ဆိုလို့ခြုံ
ထားတဲ့ ​စောင်​ပါးတစ်​ထည်​ကဘယ့်​နှယ့်​​နွေး
ထွေးမှုကိုအပြည့်​​ပေးနိုင်​မလဲ..

ဆောင်းရာသီအချိန်​မို့​အေးခဲ​နေ​ပြီး minusပြ​နေ​သောအခန်းအပူချိန်​က ခါးနာ​တဲ့ဒဏ်​ကိုပိုပြီးကိုက်​ခဲ​စေမယ်​နဲ့တူတယ်​...

Baekhyunne သူ့ခြုံထားတဲ့ Chanyeol ခြုံ
ထားတာထက်​ထူတဲ့ ​ဂွမ်း​စောင်​ကို Chanyeol
ပေါ်သို့ခြုံ​ပေးလိုက်​ကာ သူလည်းအသာ
ထိဂွမ်း​စောင်​ထဲဝင်​ကာ Chanyeol ကိုဖက်​ကာ
အိပ်​လိုက်​​လေသည်​...
...

နံနက်​မိုးလင်းလာ​တော့ Chanyeol ​ဘေးမှ
အိပ်​ရာနံ​ဘေး​လေးကိုလက်​နဲ့စမ်းလိုက်​မိ​တော့
အေးစက်​​နေ​လေရဲ့..

My Baby Baekhyunne(Completed)Where stories live. Discover now