Ep~15

7.8K 834 73
                                    

Beer ဆိုတဲ့အရာက အရက်​နဲ့မခြားမနားပါပဲ..
လူရဲ့စိတ်​ကိုအ​ယောင်​​ယောင်​အမှားမှားဖြစ်​​အောင်
လုပ်​နိုင်​ပြီး လူရဲ့စာရိတ္တကိုပျက်​စီးသွား​စေတယ်​..

မူးရစ်​တယ်​ဆိုတဲ့​ အရာရဲ့​နောက်​တွင်​အမှား​တွေ
သည်​အရိပ်​လိုလိုက်​လာ၏...

...
နံနက်​ခင်းရဲ့ ​နေ​ရောင်​ခြည်​​ဖျော့​ဖျော့​လေးက
Chanyeol ရဲ့မျက်​နှာထပ်​သို့ဖြန့်​ကြပ်​လာ၍
Chanyeol မျက်​​မှောင်​တို့ကိုကြုတ်​လိုက်​မိ၏..

လက်​ဖျံဖြင့်​ကွယ်​လိုက်​ကာမျက်​​မှောင်​ကြုတ်​​နေရာ
မှမျက်​ခုံးတို့ကိုပြန်​​ဖြေ​လျော့လိုက်​​လေသည်​..

မျက်​လုံးကလည်းဖွင့်​မရ​သေးပါ..
ခေါင်းထဲမှာလည်းသံမှိုနဲ့ထိုး​နေသကဲ့သို့ပင်​​​နထင်
နှစ်​ဖက်​လုံးကြိမ်းစက်​လျက်​...

"ဟင့်​...ဟင့်​.."

နားထဲသို့ဝင်​လာ​သောငိုသံသဲ့သဲ့​...
ကြိတ်​ငို​နေ​သော ရှိုက်​သံတစ်​ချို့...
နာကျင်​စွာငို​ကြွေး​နေ​သော ​ကောင်​​လေး​တစ်​​ယောက်​...

Chanyeol မျက်​လုံးတို့ကိုဖွင့်​ကြည့်​လိုက်​​တော့
သူ့ရဲ့မ​ပြောင်းလဲ​သောအခန်းပါပဲ...
သို့​သော်​လည်းထူးဆန်း​နေသည်​ကားသူ့ခန္တာကိုယ်
ပေါ်မှာအင်္ကျီ​တွေရှိမ​နေ...
မ​နေ့ကဘာ​တွေဖြစ်​ခဲ့တာလဲ...

မ​နေ့ကအ​ကြောင်းကို Throw back ပြန်​​ခေါ်ကြည့်​​တော့ သူမူးလာတယ်​...သူ့အိမ်​ကိုသူ
ပြန်​​ရောက်​​အောင်​ အတွင်း​​ရေးမှူးကလိုက်​ပို့​ပေးတယ်​...
ဒီထိပဲသူသိတယ်​...
သတိထားမိတာတစ်​ခု​တော့ရှိပါတယ်​..
စ​တော်​ဘယ်​ရီအနံ့ချိုချိုသင်းသင်း​လေးတစ်​ခု
ကသူ့အနံ့ခံအာရုံမှသည်​နှလုံးသားထဲတွင်​ဆွတ်​မြန်း
ထားသလိုပင်​...

Chanyeol ခုတင်​ထပ်​မှပင်​အခန်းပတ်​လည်​ပတ်​ချာကို​ယောင်​ချာချာဖြင့်​ကြည့်​​နေမိ​၏..

မမူးဖူးလို့လား​တော့မသိ...
မူးတဲ့အရသာက​တော်​​တော်​ခံစားလို့​ကောင်းတယ်​..

ဘေးနားတွင်​ပြန်​ကျဲကျ​နေ​သော shirt အင်္ကျီကို
ပြန်​​ကောက်​ကာဝတ်​လိုက်​ပြီး
ခုတင်​ထက်​ကထရန်​ကြံစည်​လိုက်​စဉ်​ ဒူး​ခေါင်း ကယိုင်​ကာ ခုတင်​ထက်​သို့ပြန်​ထိုင်​လျက်​ကျသွား​လေမှ သတိရမိတာက

My Baby Baekhyunne(Completed)Where stories live. Discover now