Ep~22

8.8K 733 58
                                    

( You are my everything or see you again... အဲ့လိုသီချင်းလေးတွေနားထောင်ပြီးဖတ်
ပါ..ဒါမှမဟုတ်...သီချင်းအေးအေးလေးတွေနား
ထောင်ပြီးဖတ်လို့...အကြံပေးချင်ပါတယ်..^^)

ဆောင်းတွင်းကြီးမှာ မိုးဖွားလေးတွေကျနေလေ၏.
တကယ်တော့နှင်းမိုးတွေပါလေ...

Chanyeol ဆေးရုံခုတင်ထက်တွင်မှီထိုင်နေကာ
အပြင်ကမိုးဖျောက်ဖျောက်လေးတွေကိုကြည့်နေ
မိ၏...

"ချလောက်.."

တံခါးသော့ဖွင့်လိုက်သောအသံနှင့်အတူ ခြေသံ
တစ်ရှပ်ရှပ်...
အခန်းထဲကိုတစ်စုံတစ်ယောက်ဝင်လာလေသည်
သိသော်လည်း ကြားသော်လည်း Chanyeol က
တော့အပြင်ကမိုးရေစက်တွေကိုကြည့်နေဆဲပင်..

" သား...ဆေးရုံကဆင်းရအောင်.."

ကြားလိုက်ရတဲ့အသံကြောင့် ပြတင်းပေါက်ကို ကြည့်နေရာမှအပေါ်မော့ကြည့်၏..

~အမေ~

" ဒီအတိုင်းနေလို့ဘာမှမထူးလာဘူး..ဆေးရုံမှာနေ
နေရင်မင်းအတွက်ပိုဆိုးလာလိမ့်မယ်..စိတ်ထောင်း
ကိုယ်ကြေဆိုတဲ့ဘဝကိုမရောက်ချင်စမ်းနဲ့.."

သူ့အမေကိုမော့ကြည့်နေရာမှ တစ်ဖန်ပြတင်း
ပေါက်ဖက်ကိုပြန်လှည့်သွား၏..

သူပါးစပ်မှစကားတစ်ခွန်းမှမဟတော့ Mrs.Park
ကဆက်ပြော၏..

" မင်းအဘိုးကိုဘယ်လိုတောင်းပန်ရ ပြန်တောင်းပန်
ပြီး ကုမ္ပဏီ မှာအလုပ်ပြန်ဝင်လုပ်ပါ.."

အသိုင်းအ၀န်း ဂုဏ်တွေ ပိုင်ဆိုင်မှုတွေ ကျတော်
ကြောက်တယ်...အမေ...
ထပ်ခါထပ်ခါဆုံးရှုံးခြင်းဆိုတဲ့အရာကိုခံစားရတဲ့
အတွက် ထပ်ပြီးဆုံးရှုံးရမယ့်လုပ်ရက်တွေကို
မလုပ်ချင်တော့သလို မလိုချင်တော့...

စိတ်ထောင်းကိုယ်ကြေမဟုတ်ပေမယ့်
စိတ်ထောင်းစိတ်ကြေ ဖြစ်နေခဲ့ပြီ...

" ကျ..တော်....မလုပ်..."

တိုးတာသော Chanyeol ရဲ့လေသံတိုးတိုးဖျော့
ဖျော့လေးက ဆေးရုံအခန်းထဲတွင်အဆုံးထိမထွက်
လာခဲ့..

" မင်း Appa မျက်နှာကိုမြင်ယောင်ပြီးမင်းကြိုးစား
ပေးပါ..."

My Baby Baekhyunne(Completed)حيث تعيش القصص. اكتشف الآن