Ep~20

8.2K 823 29
                                    

သူလား..

အိမ်​​ရှေ့ကွတ်​ပစ်​​ပေါ်မှာထိုင်​​နေတဲ့သူ့မျက်​ဝန်းများ
မျက်​ရည်​​တွေက မျက်​အိမ်​ကထွက်​လာခြင်းပူ​နွေး
သော်​လည်း ​ဆောင်းရာသီရဲ့​လေထု​အေး​အေး​ကြောင့်​ ​အေးစက်​​နေ​လေပြီ..

မျက်​ရည်​တို့ကို ​ရေစုန်​ကဲ့သို့စီးဆင်းပါ​စေ​တော့..

ဝမ်းနည်းမှုအစုံ​ကြောင့်​ စီးဆင်း​နေတဲ့မျက်​ရည်
တွေကိုမတားဆီးမိ...အားရပါးရကိုငို​ကြွေး​နေတာကနာကျင်​​နေတဲ့နှလုံးသားတစ်​စုံကိုအနည်း ငယ်​သက်​သာ​စေမယ်​ထင်​တယ်​...

ပေါ့ပါးသွား​စေလိမ့်​မယ်​ထင်​တယ်​...

...

ကျ​တော်​လား...

မတ်​တပ်​ရပ်​လျက်​နှင့်​ပင်​​ကြောင်​​တောင်​အတစွာ
ရပ်​​နေမိဆဲ...ရင်​ထဲမှာဆို့နင့်​​နေမိတယ်​..

ဘာကိုနာကျင်​လို့နာကျင်​ရမှန်းမသိ​အောင်​ကိုပင်
ခွဲခြမ်းစိတ်​ဖြာနိုင်​တဲ့စိတ်​စွမ်းအား​ပျောက်​ကွယ်​ကာ
နာကျင်​မှုက အဆိပ်​လိုကျ​တော်​ရဲ့နှလူံးသားအနှံ
အဆိ​ပ်​တက်​​နေ​လေသည်​..

ကျဆင်း​နေတဲ့ မျက်​ရည်​​တွေကိုလက်​ခုံနဲ့ဖိသုတ်
လိုက်​ကာအသက်​ပြင်းပြင်းတစ်​ချက်​ရှူလိုက်​​လေ
သည်​...နာကျင်​မှု​တွေ ကရှူထုတ်​လိုက်​တဲ့
ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​အ​ငွေ့​တွေလို​ထွက်​ခွာ
သွားရင်​ကောင်းမယ်​..

နာကျင်​မှုကထပ်​တူပါ...
ဘယ်​သူကအ​လေးပိုသာ​နေအူံးမှာလဲ...
နာကျင်​မှု ဒဏ်​ရာ​တွေကညီမျှချင်းဖြစ်​​နေတာပါ..

တစ်​​ယောက်​နဲ့တစ်​​ယောက်​ဘာ​တွေကွာခြားသွားလဲ..?

မျက်​ရည်​​တွေစီးလက်​စနဲ့ မျက်​ရည်​​တွေကိုသုတ်
လိုက်ခြင်း....ဒါပဲကွာခြားတာ...

.....

"Chanyeol ah..မ​တွေ့တာကြာသွားပြီ...
လာလည်​တာလား.."

My Baby Baekhyunne(Completed)Where stories live. Discover now