"Arjushi..ကျတော့်ကားကိုသွားထားလိုက်...
ခဏနေ..."Chanyeol သူ့တို့အိမ်မှခြံစောင့် ဦးလေးကြီး ကိုကားသော့ပေးလိုက်ကာ ဘေးခုံမှအိပ်နေသော baekhyunne ကိုပွေ့ချီိလိုက်သည်...
ကလေး ကဖျားပြီးမှေးနေတာချီလိုက်တာတောင်မနိုး...
ခုနကကျတော်စိတ်တိုတိုနဲ့ မြောင်ဝူဆေးရုံအုပ်ရဲ့ရုံးခန်းထဲအထိဝင်ပြီးသောင်းကျန်းခဲ့တယ်...
ဖျားနေတဲ့ကလေးကို သော့ပိတ်ထားပြီးဖြစ်ချင်တာဖြစ်ဆိုတဲ့သဘောမျိုးနဲ့ပစ်ထားတာ...
ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ...ဒီလိုလူမျိုးတွေကလူနာတွေကိုကုသနေဆရာဝန်တွေတဲ့လား?
Foundation ကိစ္စတောင်ပြန်စဉ်းစားရမယ်...
နောက်ပိုင်းတွေ.....
Baekhyunne ကိုအရင်ဆုံးကျတော့်အခန်း ထဲမှာပဲထားရမယ်...
နောက်မှအခန်းလေးတစ်ခန်းပြောင်းထားပေးရမယ်..
သေချာပြင်ဆင်ပေးပြီးတော့မှ...Chanyeol baekhyunne ကိုဆေးရုံအခန်း ထဲတွင်ထပ်မထားခဲ့ချင်၍ သာသူ့အိမ်ခေါ်လာ ခဲ့တယ်...
တကယ်တော့ အိမ်မှာ baekhyunne အတွက်ဘာမှမပြင်ဆင်ရသေး...
မှေးစက်နေသော ကလေးလေးကိုအိပ်ရာထပ်တွင်
ဖြေးဖြေးလေးချလိုက်တော့မျက်လုံးမှေးမှေးလေး
လေးကတစ်ဝက်ပွင့်လာကာ ကျတော့်ကိုကြည့်တယ်.."Kyunne...နိုးရင်ခဏထ...ဆေးသောက်ရမယ်.."
ဆေးဆိုသော စကားကိုကြားတော့မျက်နှာလေးမဲ့ကာမျက်လုံးပြန်မှိတ်သွားလေသည်...
ဒီကလေးကတော့ ဆေးကြောက်တာတော်ရုံမဟုတ်ဘူး...
ခဏနေမှပဲချော့ပြီးဆေးတိုက်ရတော့မှာပေါ့...
အခုတော့အိပ်ပါစေပါအုံးလေ...Chanyeol အခန်းအပြင်ဖက်ကိုထွက်လိုက်ကာ
ဖုန်းနံပါတ် တစ်ခုကိုနှိပ်လိုက်၏...
YOU ARE READING
My Baby Baekhyunne(Completed)
FanfictionIf the sun were to rise in the west,my love would be unchanged forever.you will always have a special place in my heart.♡ ♡ Pls enjoy urself.... CB (yaoi)