Ep~26

7.1K 670 28
                                    

"Mr က Mr.Park Chanyeol လားဟင်"

"Baek..Baekhyunne.."

လည်ချောင်းထဲက အသံအိတ်ဖောက်ထွက်
သွားသည့်နှယ့်တိုးတိုးသာသာ...

အရှေ့က Suit အနက်ရောင်ဖြင့်တစ်မျိုး တစ်ဖုံ ပြောင်းလဲနေသော ကောင်လေးသည်
သူ့ခေါ်သံကိုကြားသည့်နှယ်...

ပြူးတူးတူးနဲ့ကြည့်နေ၏...

"Baekhyunne..Hyung လေ..မမှတ်မိ
ဖူးလား.."

လက်ဖျားသေးသေးလေးတွေကို သိမ်းယူကာ လက်ဖဝါးထဲချုပ်ကိုင်ရင်း မျှော်လင့်တကြီး
မေးမိ၏...မတွေ့ရတာ သုံးနှစ်တာ ဆိုတော့
ကလေးက ခနတာ အံ့သြပြီးကြောင်နေတာ
နေမယ်...

"ကလေး..အဲ့လိုအခုမှမြင်ဖူးသလိုမကြည့်နဲ့
လေ.."

"ကျတော် အခုမှမြင်...ဖူး...တာ...ပါ..."

"ဟမ်...ကိုယ့်ကိုနောက်နေတာလား..?"

သူ့လက်မောင်းလေးနှစ်ဖက်ကိုချုပ်ကိုင်ရင်း
မေးလေတော့ လေဟာနယ်ထဲရောက်နေသော
သူပမာ အကြည့်ဗလာတို့ဖြင့်ပြန်ကြည့်ကာ
တောင့်တောင့်ကြီး...

"Park Chanyeol shi...ကျတော့်ညီ
ကိုသိတာလား..?"

David Suho မေးနေသော်လည်းကြား
သည်...ပြန်မဖြေမိ...သိတာလားတဲ့...
ကျတော့်တို့ ဆက်ဆံရေးက အဲ့လောက်
အပေါ်ယံအလွှာပါးပါးမဟုတ်ဘူး...

ကျတော်...ကျတော်...
ဗလာဖြစ်နေသောကလေးရဲ့မျက်ဝန်းတို့ကို အဓိပ္ပါယ်​ ဖွင့်နေတယ်

"ကလေး..ကိုယ့်ကိုသေချာကြည့်ပါကွာ..
ကိုယ်..Chanyeol လေ...Baekhyunne
ရဲ့..."

"Chan..Chanyeol...Mr.Park Chanyeol.."

နာမည်နဲ့လူနဲ့အခုမှတွဲမိသည့်ဟန်ဖြင့်နာမည်
ကိုထွက်ကာ နှုတ်ခမ်းအစုံသည် ဟတတဖြစ်
နေ၏...

ကြောင်အန်းအန်းပြန်ကြည့်နေသောသူ့အ
ကြည့်တို့ကိုမနှစ်ခြိုက်၍ အံ့ကိုကြိတ်ထား
မိသည်...

"မင်းကိုယ့်ကိုတောင်မသိတော့ဘူးလား..?
ဟမ်..Baekhyunne..!!"

သူဘာလို့မမှတ်မိရတာလဲ...ဘာလို့ကြောက်
လန့်တဲ့မျက်လုံးတို့နဲ့ကြည့်ရတာလဲ...

ဘာလို့ထူးဆန်းသလိုကြည့်နေတာလဲ...!!

သူ့ကိုအားမရတော့တာကြောင့် ပခုံးသေးသေး
နှစ်ဖက်ကိုဆုတ်ကာ ခါယမ်းမိ၏...

My Baby Baekhyunne(Completed)Where stories live. Discover now