Ep~12

8K 768 17
                                    

"အ...အား...စပ်​...စပ်​တယ်​..hyung..."

"ခဏ​လေးငြိမ်​ငြိမ်​​နေစမ်း...Baekhyunne!!..
အသံမထွက်​နဲ့..."

ကျ​တော်​​အော်​လိုက်​​တော့ Baekhyunne ကမျာ
မျက်​ရည်​​လေး​တွေဝဲပြီးသူ့လက်​​ချောင်းသွယ်​သွယ်​​လေး​တွေကိုကိုက်​ထား​လေသည်​...
အော်​မိမှာဆိုး၍ဖြစ်​မယ်​...

ဆေးလိမ်း​နေရင်းသူ့​ခြေသလုံး​ပေါ်ကအ​ရေခွံစုတ်​ကာ​သွေး​တွေစို့​နေ​သောဒဏ်​ရာ​တွေတစ်​ချက်​ထိလိုက်​တိုင်း တုန်​သွားတဲ့သူ့ကိုယ်​​လုံး​လေးကို
ကြည့်​ပြီးကျ​တော့်​ပါမျက်​ရည်​ကျရတယ်​...

ကျ​တော်​​ဒေါသ​တွေအရမ်းထွက်​​နေလို့ကျ​တော့်
သူ့ကို​အော်​မိတာပါ...
သူ့ရဲ့အပြစ်​​ပေးခံထားရတဲ့ဒဏ်​ရာ​တွေကကျ​တော်
ရင်​ကိုမီးတုတ်​နဲ့ထိုး​နေသလို....
တကယ်​​ဒေါသထွက်​​နေတာကျ​တော့်​အ​မေကို...

အိမ်​ပြန်​လာ​တော့...
Flash back..

"Baekhyunne...!!"

အခန်းထဲဝင်​ဝင်​လာခြင်းတွင်​ Sofa​ပေါ်မတ်​တပ်​ရပ်​လက်​ပိုက်​ထားပြီး​ခြေသလုံးတစ်​ခုလူံးအနီ​ရောင်​အ​ကြောင်းအ​ကြောင်းများအပြည့်​...

ကျ​တော့်​ကိုဝမ်းနည်း​နေ​သောမျက်​ဝန်းလေးများ
ဖြင့်​​ပြန်​​ငေးကြည့်​​လေသည်​...

ကျ​တော်​သူ့ကိုယ်​လုံး​လေးကိုသိမ်းကြုံးဖက်​လိုက်​ပြီး Sofa ​ပေါ်က​နေ​ပွေ့​ခေါ်​တော့က​လေးကအ
တင်းရုန်းကန်​​လေသည်​...

"အင့်​..ဒီ​ပေါ်ကဆင်းလို့မရဘူး...မဆင်းဘူး..."

သူ့​ပြောတဲ့စကား​ကြောင့်​ ကျ​တော်​တစ်​ချက်​​ကြောင်​သွားတယ်​...

Sofa ​ပေါ်ကဘာလို့ဆင်းလို့မရတာလဲ...
Sofa ​ပေါ်မှာလည်းစိီးကျ​နေ​သောအရည်​​တွေ..

ကြောက်​အားလန့်​အားနဲ့ ရှူး​တွေထွက်​ကျထားတာဖြစ်​လိမ့်​မယ်​...

အိမ်​အကူအ​ဒေါ်ကြီး ​ရောက်​လာပြီးကျ​တော့်​ကို
ရှင်း ပြ​တယ်​...

"သူ​ဌေးက​တော်​ကအဲ့ဒီ sofa​ပေါ်ကမဆင်းနဲ့လို့
အပြစ်​​ပေးထားလို့..."

My Baby Baekhyunne(Completed)Where stories live. Discover now