"Arjima...ဒီနေ့တော့ကျတော် baekhyunne ကို
ခေါ်မသွားတော့ဘူး...ခဏနေနိုးလာရင်
နွားနို့ပူပူလေးရယ်...ပူတင်းကိတ်ရယ်ကျွေးလိုက်နော်...မစားဘူးတို့ဘာတို့ဂျီကျနေရင်ဆူပြီးမ ဝင်ဝင်အောင်ကျွေးနော်..ကျတော့်ကိုမေးနေရင်ကျတော့်ဖုန်းကိုဆက်လိုက်.ကျတော်စိတ်ချမယ်နော်.""ဟုတ်ပါပြီ..Yeollie..."
မနေ့ကပြန်လာတဲ့အချိန်ကည ကိုးနာရီလောက်မှအိမ်ကိုပြန်ရောက်တယ်...
လမ်းလျှောက်တာတွေလည်းများသွားတော့အိမ်ရောက်ကတည်းက baekhyunne ကိုအင်္ကျီလဲပေးပြီးသိပ်လိုက်တာမနက် Chanyeol ကုမ္ပဏီ ကိုသွားမယ့်အချိန်အထိမနိုးသေးပေ...
အဲ့တာနဲ့ Chanyeol လည်းပင်ပန်းနေတဲ့ကလေး ကိုမနိုးချင်တာနဲ့အိပ်ပါစေဆိုပြီးအိမ်အကူအဒေါ်
ကြီး ကိုသေချာအပ်ပြီး ထားခဲ့ရတယ်...Chanyeol ရဲ့အိပ်ခန်းထဲကနှစ်ယောက်အိပ်ခုတင်
ထပ်တွင် ဟိုဖက်လိမ့် ဒီဖက်လိမ့် အိပ်နေသော
Baekhyunne..
ခဏကြာတော့နိုးလာလေသည်...နိုးလာတာနဲ့ အိပ်ရာကကုန်းရုန်းထပြီး TV Stand
ရှေ့တွင် လှောင်အိမ်လေးဆီသို့...မနေ့က တိရစ္ဆာန်ရုံက ဟန်းစတားလေးနှစ်ကောင်
Chanyeol ကဝယ်လာလေသည်...
ကလေးဆိုတဲ့သဘာဝအတိုင်းအမွှေးပါတဲ့အကောင်လေးတွေဆိုသိပ်အသည်းယားပြီးချစ်တတ်
ကြတယ်မလား...တစ်ကောင်ကအဝါနဲ့အဖြူစပ်ထားပြီး
နောက်တစ်ကောင်ကအဖြူနဲ့အနက်စပ်ထားလေသည်...လှောင်အိမ်ထဲကအကောင်လေးတွေကိုလှောင်အိမ်
အပေါက်ကနေလှမ်းကိုင်နေလေသည်...
အကောင်တွေကလူဆိုကြောက်သည်လေ...
ဟိုဖက်ပြေးဒီဖက်ပြေးနဲ့...Baekhyunne လှမ်း ကိုင်တဲ့လက်ကိုရှောင်ပြေးနေကြလေသည်...သေချာကိုင်လို့မရတော့ Baekhyunne ကမျာစိတ်မရှည်တော့...
အကောင်လေးတွေကိုသေချာကိုင်ချင်တဲ့အတွက်
လှောင်အိမ်အပေါက်ကိုဖွင့်လိုက်လေသည်...
YOU ARE READING
My Baby Baekhyunne(Completed)
FanfictionIf the sun were to rise in the west,my love would be unchanged forever.you will always have a special place in my heart.♡ ♡ Pls enjoy urself.... CB (yaoi)