"ပွဲကစတော့မယ်နော်...ဒါရိုက်တာ Park Chanyeol မရောက်သေးဘူးလား...?""ကျတော်ရောက်ပြီ...."
အရာရာကိုဦးဆောင်ရမယ့်ခေါင်းဆောင်တစ်ဦးက
အချိန်တိကျရမယ်တဲ့...
တစ်စက္ကန့်တောင်နောက်မကျရဘူး...
ကျတော့်အမေရဲ့သြဝါဒတွေပါ...ကျတော့်ကိုတွေ့တော့ဆေးရုံအုပ်တွေရော ဆရာဝန်အချို့ကပါအရိုအသေပေးကြတော့
ကျတော်လည်းအပြုံးတစ်ပွင့်ကိုဖန်ဆင်းပြီး
အရိုအသေပြန်ပေးလိုက်တယ်...စီးပွားရေးလောက လူမှုရေးလောက လူ့လောက
မှာလေးစားမှုဆိုတာတစ်ယောက်နဲ့တစ်ယောက်
ထားရှိသင့်တဲ့အဓိကအချက်တွေပဲ....ကျတော့် အမေရဲ့စကားတွေဟာလေ ကျတော့်နား
ထဲကို တူနဲ့ထုပြီးရိုက်သွင်းထားသလိုပဲ ဆူးနစ်နေတယ်...
အမြဲတမ်းပြန်ကြားယောင်နေမိတာ ကျတော့်
အမေရဲ့စကားသံတွေ..."မင်္ဂလာပါ...ကျတော့်က မြောင်ဝူဆေးရုံအုပ်
Kim Dongwoo ပါ..."လက်ကမ်းပေးလာသောဆေးရုံအုပ်ဆိုတဲ့သူက
အသက်က ငါးဆယ်စွန်းစွန်းလောက်တော့ရှိပီ
ထင်တယ်...ကမ်းပေးသောလက်ကိုပြန်ကိုင်လိုက်ကာလက်ဆွဲနှုတ်ဆက်လိုက်တယ်...
"Nae..မင်္ဂလာပါ...ကျတော့်က Park Gp ရဲ့ဒါရိုက်တာ Park chanyeol ပါ..."
"ကျတော့်တို့ဆေးရုံကိုအခုလိုထောက်ပံ့ပေးတာနဲ့
တင်အထူးကျေးဇူးတင်ပါတယ်...ဒါရိုက်တာ Park...""အာ...ကျတော်တို့ Park Gp ကလည်းအခုလို
လူမှုရေးလုပ်ငန်းတွေကိုတက်နိုင်သလောက်ကူညီ
ပေးခွင့်ရတာနဲ့တင်ကျေးဇူးတင်ပါတယ်..."တစ်ဦးအပေါ်တစ်ဦးဂါဝရတရား...
အကောင်းဆုံးဖြစ်မယ့်စကားတွေကိုရွေးချယ်ကာအပြုံးဖြည့်ဆွတ်ပြီးပြောလိုက်တော့ဆေးရုံ
အုပ် Kim Dongwoo ကခေါင်းတငြိမ့်ငြိမ့်နဲ့ပြန်ပြုံးပြတယ်...
YOU ARE READING
My Baby Baekhyunne(Completed)
FanfictionIf the sun were to rise in the west,my love would be unchanged forever.you will always have a special place in my heart.♡ ♡ Pls enjoy urself.... CB (yaoi)