(Zawgyi)
ဆောင်းဝင်ကာစနိုဝင်ဘာညတစ်ည
မီးရောင်မှိန်မှိန်နဲ့လူခြေတိတ်နေတဲ့လမ်းကလေး
အေးစက်စက်လေညှင်းတွေကြောင့်ခိုက်ခိုက်တုန်အောင်
ချမ်းနေတဲ့အခိုက်အတန့်15မိနစ်
မိနစ်30
1နာရီ
1နာရီနီးပါးရပ်စောင့်ထားရတာကြောင့်ခြေထောက်
ပင်ကောင်းကောင်းမရပ်နိုင်တော့ဝတ်ထားတဲ့အနွေးထည်ပါးပါးကလည်းအအေးဒဏ်ကို ဆက်ကာကွယ်နိုင်မယ့်ပုံမပေါ်တော့
ဖုန်းဆက်ပြန်တော့လည်းမကိုင်
ဒါကတစ်ကြိမ်နှစ်ကြိမ်မှမဟုတ်တော့တာ မိုးရွာထဲမှာဘဲဖြစ်ဖြစ် နေပူထဲမှာဘဲဖြစ်ဖြစ် ကျွန်မသူ့ကိုအကြိမ်ပေါင်းများစွာစောင့်လာခဲ့တာဘဲ
စောင့်ဆိုင်းရခြင်းကသူ့ကိုချစ်မိခဲ့တာကြောင့်ကျွန်မရလိုက်တဲ့ပြစ်ဒဏ်တွေထဲကတစ်ခုဘဲလေ ကျွန်မခံနိုင်ရည်ရှိပါတယ်1နာရီခွဲ
2နာရီ
ဟော...ရောက်လာပါပြီ...ကျွန်မရဲ့မင်းသားလေး
မှောင်နေတဲ့လမ်းဟာသူဝင်လာလိုက်တာနဲ့လင်းထိန်သွားသလို
ချမ်းအေးနေတဲ့ပတ်ဝန်းကျင်ဟာသူရောက်လာတာ
နဲ့နွေးထွေးသွားသလိုစောင့်ခဲ့ရတဲ့အချိန်2နာရီဟာ2စက္ကန့်
့လောက်တောင်မကြာတော့သလိုသူ့ကိုမြင်လိုက်ရုံနဲ့ အရာရာဟာကျွန်မအတွက်လှပသွားခဲ့တယ်
နဖူးထိဖုံးကျနေတဲ့အညို ရောင်ဆံပင်လေးတွေ
စူးရှလွန်းတဲ့သူ့အကြည့်တွေ
ပဟေဋ္ဌိဆန်တဲ့သူ့အပြုံးတွေ
ပြီးတော့ အရမ်းမရှည်အရမ်းမပုဘဲကြည့်ကောင်းတဲ့အရပ်နဲ့ အချိုးအစားကျတဲ့ခန္ဓာကိုယ်
အမြဲတမ်းstyleကျကျဝတ်တတ်စားတတ်တဲ့သူဟာမသိရင်
modelတစ်ယောက်လိုတစ်ကျောင်းလုံးကမိန်းကလေးတွေ
တမ်းတမ်းစွဲဖြစ်နေရတဲ့ကျောင်းရဲ့king
"Nam Woo Hyun"
ESTÁS LEYENDO
My Winter Story
Fanfic(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...