《7》

2K 192 6
                                    

၂ပတ် ..ရက်အားဖြင့်၁၄ရက် ..ဟုတ်တယ် ..ဟိုတစ်ခုကျွန်မဆီလာပြီးကတည်းကသူပေါ်မလာတာ ..Suhoဆီကလည်းဘာမှမကြားဘူး ..တခါတလေတော့လည်းတွေးမိတယ် ..ချစ်သူရှိတာချင်းအတူတူဘာလို့ကျွန်မပဲအထီးကျန်နေရတာလဲ ..Baekhyunဆိုလည်းChanyeolနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ..အမြဲကပ်နေတာခွာနေတဲ့အချိန်မရှိသလောက်ပဲ ..နောက်ပြီးSuhoတို့အတွဲ ..သူတို့ကအမြဲကပ်မနေတောင်အမြဲတော့တွေ့ကြတယ်..Xingဆိုတာကလည်းမအားရင်တောင်ရတဲ့အချိန်လေးမှာSuhoအနားနေချင်တဲ့သူလေ ..Suhoကလည်းXingသာလာရင်လုပ်လက်စအလုပ်ပါပစ်ထားပြီးအလွမ်းသယ်တတ်တာ ..ကျွန်မနဲ့ကိုကြားမှာဘာတွေများမှားယွင်းနေတာလဲ ..Chanyeolဆိုတခြားသူကိုမျက်လုံးနဲ့တောင်စွေမကြည့်တဲ့သူ ..BaekမှBaekဖြစ်နေသူ ..Xingကျတော့ရောဘာထူးလဲ ..သဝန်တိုတယ်ဆိုတာဘယ်လိုဟာလဲလို့Suhoကပြန်မေးလိမ့်မယ် ..ကိုကျတော့ဘာလို့ကျွန်မကလွဲရင်အားလုံးကိုလိုက်ကြည့်နေရတာလဲ ..ငါမေးချင်တယ်ကို ..နင့်ချစ်သူအဖြစ်ရောငါ့ကိုသက်မှတ်ထားသေးရဲ့လား ..ငါသိချင်တယ်ကို ..ဘာကြောင့်ငါ့အပေါ်ဂရုစိုက်မှုတွေကအေးစက်လာရတာလဲ ..အဲ့ဒါဆိုလည်းပွင့်ပွင့်လင်းလင်းပြောရောပေါ့ဟာ ..

"ဟဲ့Lulu ..ဒီနေ့ White Day နော် .. ငါတို့ပြောထားတဲ့အတိုင်း Date ကျမယ် .. နင်လိုက်ခဲ့ရမယ်နော် .. "

ကျွန်မအိပ်ယာပေါ်ကနေလှမ်းကြည့်လိုက်တော့အခန်းပေါက်ဝမှာAll Black ဆင်တူနဲ့ ရပ်နေတဲ့ Chanbaek .. မျက်နှာမှာလည်းအပြုံးကိုယ်စီနဲ့ပေါ့ ..

"နင်တို့ပဲသွားပါ .. လွတ်လွတ်လပ်လပ် .. "

"ဟိတ် .. ငါတို့လည်းအတူသွားမှာ .. Jongin လည်းရောက်နေပြီ .. "

Suho ကအခန်းထဲဝင်လာရင်းပြောတယ် .. သူမကတော့မီးခိုးရောင် Shirt နဲ့ပေါ့ .. အခန်းဝမှာသူ့ရဲ့Xingကလည်းGrey T shirt နဲ့ရပ်နေလေတယ် .. အားကျလိုက်တာ ..

"Soo .. Kyung Soo ရော .. "

"Kyung Soo က သူ့မိဘအိမ် ပြန်သွားတယ်လေ .. မေ့နေတာလား .. ကဲ Jongin ရေ .. နင့်ဘာသာရအောင် ခေါ်ခဲ့တော့ ငါတို့အိမ်ရှေ့ကစောင့်နေမယ် .. "

အသီးသီးထွက်သွားကြတော့ Jongin ကကျွန်မဘေးမှာလာထိုင်ပြီး ..

"Lu .. နင်ကလည်းဟာမှုန်ကုတ်နေတာပဲ .. လာပါ .. ဒီနေ့တစ်နေ့လုံးနင့်ကိုငါ .. ငါ့ကိုယ်ငါငှားမယ်လေ .. အဲ အငှားရည်းစားပေါ့ .. အားကျမနေနဲ့ .. ငါတို့လည်းအရောင်တူလေးဝတ်ပြီးကဲလို့ရပါတယ်ဟာ .. "

The Day We Meet  [H♡H]Where stories live. Discover now