ဟိုးအဝေးက ချစ်သူ ...
နင်ထွက်သွားပီးတဲ့နောက်.....
ငါခဏခဏကြည့်နေမိတယ် ပြက္ခဒိန်ကိုလေ ..
မထင်မှတ်ပဲ ငါရောက်သွားတတ်တာက
နင်နဲ့အတူသွားဖူးတဲ့နေရာလေးတွေကိုပေါ့ ..
ငါသောက်ဖြစ်တာကလည်း နင်ကြိုက်တဲ့ ကော်ဖီခါးခါးပဲဖြစ်နေတယ် ..
ကြည့်မိတိုင်းပိုလွမ်းအောင်လုပ်တာက ငါ့ ph ထဲက နင့်ပုံတွေ ...
Lu .... တကယ်ပဲ ကံကြမ္မာက ငါတို့ကိုခွဲလိုက်ပြီလား ...
၇နှစ်ရှိပြီနော် ... နင်ထွက်သွားတာ ...
ငါလေ အခုချိန်ထိ မနေ့တနေ့ကလို နာကျင်နေတုန်းပဲ ...
ငါနင့်အစား Yifan ဆီရောက်ဖြစ်ပါတယ် ...
နင်ရောဘယ်လိုလဲ Lu ... ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတယ်မဟုတ်လား ...
"Happy Birthday Su Jin လေး ... "
ထိုအသံကြောင့်အတွေးတွေ ပျက်သွားရသည် .. Kyung Soo က လက်ဆောင်ကို Suho ဆီလှမ်းပေးရင်း ကြမ်းပြင်မှာထိုင်ဆော့နေတဲ့ Su Jin ကိုချီလိုက်တော့ Su Jin က တခစ်ခစ်နဲ့ရယ်ပြတယ် ...
"Ah ! Sehun ရောက်နေပြီပဲ ... "
ကျွန်တော်ကပြန်ရယ်ပြရင်း
"အင်း ... ရောက်လာပြီလား Kyung Soo "
Kyung Soo ကဘာမှမပြောင်းလဲပါ .. အရင်ကလိုပိန်ပိန်ပါးပါး နဲ့ ဂျင်းဘောင်းဘီ T shirt အပွတို့ကို ဝတ်တုန်း ...
"Suho ah ... Yixing ရော .. "
Suho ကတော့ နည်းနည်းပြည့်ပြည့်လေးဖြစ်လာကာ .. အိမ်ရှင်မပုံပေါက်လာသည် ...
"ရှိတယ် .. Xingho ကို Toilet လိုက်ပို့နေတယ် "
"လာပါပြီဗျာ .. Kyung Soo ရောက်ပြီလား .. Jongin ရော .. "
Xingho လက်ကိုဆွဲရင်းထွက်လာတဲ့ Xing ကတော့ အရင်အတိုင်း အလုပ်ရှုပ်နေတဲ့ အိမ်ထောင်ဦးစီးပါပဲ .. Lu မသွားခင်က မွေးတဲ့ သူတို့သားလေး Zhang Xing Ho တောင် ၇ နှစ်ရှိနေပြီလေ ..
"အမလေး ... ပါပါတယ်ကွာ ... ဘယ့်နှယ် .. ငါ့မှာကားပါကင်လည်းထိုးရသေးတယ် .. မယ်မင်းကြီးမက လက်ဆောင်လေးသယ်ပြီး ဆင်းသွားတယ် .. ငါ့နှယ် ဒီကိုမနည်းရောက်လာတာ .. ဓာတ်လှေကားတောင် သူများနှိပ်ပေးလို့ "
VOUS LISEZ
The Day We Meet [H♡H]
Aléatoire[Zawgyi × Unicode version] Hun is lu's ex boyfriend who break up in past .......