《17》

2K 185 9
                                    

ကျွန်မရုံးကToiletဝင်နေတုန်း .. လက်ဆေးတဲ့နေရာကကောင်မလေးတွေပြောနေတာကိုကျွန်မကြားမိတယ် ..

"ဟယ် .. သူကဘယ်လိုလူမျိုးလဲဟ .. တကယ်ပဲ ဥက္ကဋ္ဌကိုအရယူမလို့လား "

"ဥက္ကဋ္ဌက Team Leader နဲ့ ချစ်သူတွေဆို .."

"သူကဂရုစိုက်မယ့်သူလား .. "

ကြားရတဲ့စကားတွေကြောင့်ဘယ်သူ့ကိုပြောနေတာလဲလို့တွေးမိတယ် ..ကျွန်မတို့CompanyမှာCanada နိုင်ငံသားတွေရှိပေမယ့် Asia တိုက်သားတွေများတယ် .. ဖိလစ်ပိုင်တွေ တရုတ်တွေ ထိုင်းတွေပါမက Korea တွေ Japanတွေပါရှိတယ် ..ဒါမယ့်သူတို့ပြောနေတာဘယ်သူများလဲ ..ကျွန်မအတွေးထဲမျောနေတုန်း..ကံဆိုးချင်တာလား? ..ကံကောင်းချင်တာလား? ..မသိတဲ့တိုက်ဆိုင်မှုမျိုးကြုံခဲ့ရတယ် ..

"Ofcause .. I like him .. He is handsome .. And Mr.Wu is very attractive  .. Yep .. He has fiancee but I don't care .. She's not beautiful .. I think ..their relationship is just like friend .. ha ha .. "

ကံကောင်းလွန်းစွာသူမအင်္ဂလိပ်လိုပြောနေသည် ..သူမကိုကျွန်မသိသည် ..သူမက Mie လို့ခေါ်တဲ့ဗီယက်နမ်အမျိုးသမီး ..Fan Fan ရဲ့အတွင်းရေးမှူး ..အသက်တော့ ၂၃လောက်သာရှိဦးမည် ..ကျွန်မတို့ထက်၃,၄နှစ်လောက်ငယ်တယ် ..သူမကဖုန်းတပြောပြောနဲ့ပြန်ထွက်သွားတယ် ..ဘာလို့ ..ဘာလို့များကျွန်မချစ်တဲ့သူတွေကိုကျွန်မဆီကယူသွားမယ့်သူတွေအမြဲရှိနေတာလဲ ..

"Mie .. Today Schedule ?? "

"There you are .. "

Yifan ..Mie ပေးတဲ့စာရွက်ကိုကြည့်နေတုန်း

"Knock Knock .. Fan Fan အလုပ်များနေလား .. တခြားမဟုတ်ဘူး .. နေ့လည်စာစားဖို့ Appointment လာယူတာ .. "

ကျွန်မတို့ Hangu လိုပြောနေတာကို သူမကသိချင်စိတ်ပြင်းပြစွာကြည့်နေတယ် .. Fan Fan ကနာရီတစ်ချက်ကြည့်ရင်း ..

"ဒီနေ့စက်ရုံကိုခဏသွားမလို့ ..ပြန်လာရင်မှီပါ့မလား .. "

"ဒါဆိုလည်း dinner ပေါ့ .. အိမ်မှာတွေ့မယ်လေ .. "

"See U " 
----
Dinner Time အတွက် ကျွန်မစောင့်နေခဲ့ပေမယ့် သူရောက်မလာခဲ့ဘူး .. နောက်ဆုံး ကျွန်မအိပ်ရာဝင်လိုက်ရတယ် .. သူပြန်မလာခဲ့ဘူး ..

မနက်ခင်းနေရောင်စူးစူးကမျက်နှာပေါ်ဖြာလာတော့ တစ်ဖက်ကိုလှည့်လိုက်တယ် .. ဟင် ! ဘာနံ့ပါလိမ့် ??? ထိုအတွေးနဲ့အတူထထိုင်လိုက်ပြီး မီးဖိုချောင်ဘက်ကိုထွက်လာတော့ ..

The Day We Meet  [H♡H]Where stories live. Discover now