ကျွန်မဆုံးဖြတ်ချက်အရ ကျွန်မ Fan Fan နဲ့ကျွန်မအနာဂတ်ကို ဖြတ်သန်းဖို့ ရွေးချယ်ခဲ့တယ် .. အချိန်အကြာကြီး Fan Fan နားမှာနေခွင့်ရမယ်လို့ ကျွန်မထင်ခဲ့လို့ပါ .. ကျွန်မတို့ ဖိတ်စာတွေဝေရင်း နောက်တစ်ပတ်မှာ ကျင်းပမယ့် Wedding အတွက်ရင်ခုန်နေမိတယ် .. Fan Fan သဘောကျ နေ့လည်စာကို မြို့ပြင်မှာထွက်စားခဲ့ကြတယ် .. ဒါပေမယ့် ကံကြမ္မာက ဘယ်လိုများ ရက်စက်လိုက်ပါလိမ့် ..
▪▪▪▪▪▪▪
"Yah ... ဘယ်လိုဖြစ်တာလဲ ?? ဟမ် ... အခုပဲရောက်တယ် သတင်းဆိုးက စောင့်ကြိုနေတော့တာပဲ .. Lulu ဘယ်လိုနေသေးလဲ ?? "Baekhyun တစ်ယောက် Seoul ရောက်ရောက်ချင်းကြားရတဲ့ သတင်းကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရတယ် ..
"Luhan က အသေးစားဦးနှောက်သွေးယိုတာ နဲ့ ခြေထောက်ကျိုးတာလောက်ပဲဖြစ်တာ .. တကယ်ကလေ .. တကယ်က .... Wu Yifan Ssi ကအရေးပေါ်မှာ .. "
"Suho ah .. အိမ်ပြန်ပြီးနားလိုက်တော့လေ .. နင်လည်းနေ့စေ့လစေ့ကြီးနဲ့ကို နော် .. Xing .. Suho ကိုခေါ်သွားလိုက်ပါ .. "
အရမ်းကိုပင်ပန်းနေတဲ့ Suho ကိုပြန်နားခိုင်းလိုက်ပြီး ပိုးသတ်ခန်းကနေပြန်ရွှေ့လာတဲ့ Lu ကိုအပြေးသွားကြည့်ရတယ် .. Chanyeol ကတော့ Yifan က အရေးပေါ်မှာမို့ အခန်းရှေ့ကနေသွားစောင့်နေတယ် ..
"Lu ah ... ဘယ်လိုဖြစ်တာလဲ .. Suho ပြောတော့ မြို့ပြင်ကအပြန် ကားတိုက်တာဆို ?? နင်ကသတို့သမီးလောင်းလေ .. နင့်မင်္ဂလာပွဲကိုတက်ဖို့ငါလာတာလေ .. နင်ကဒီလိုလှဲနေတော့ ငါကဘယ်လိုလုပ်ရမှာလဲ .. "
Lu ရဲ့ သွေးမရှိစွာဖွေးစွတ်နေပြီး ဒဏ်ရာအနည်းငယ်ရနေတဲ့ လက်ဖဝါးကိုဆုပ်ကိုင်ရင်းပြောမိတယ် .. Luhan ကို ညီမလေးလို သမီးတစ်ယောက်လိုကို သဘောထားခဲ့တာ .. သူငယ်ချင်းထက်ကိုပိုပြီး သံယောဇဉ်ထားခဲ့တာပါ .. Yifan ဆို Chanyeol ကိုအမြဲ ယောက္ခမကြီးလို့ စတတ်တယ် .. Luhan က Chanyeol နဲ့ ကျွန်တော် မွေးစားထားတဲ့ သမီးမို့တဲ့လေ ..
"Baekhyun ... Lu သတိရပြီလား ?? "
မနက်စောစောရောက်လာတဲ့ Suho ကိုကြည့်ရင်း သက်ပြင်းချမိတယ် .. ညက Chanyeol ရော သူရော ပြာယာတွေခတ်ခဲ့ရတာမလား .. Yifan ကအခုထက်ထိ ခွဲစိတ်ခန်းထဲက ထွက်မလာသေးဘူး .. Lu ကလည်း သွေးပေါင်တွေကျနေလို့ ယောက်ျားတန်မယ့် မျက်ရည်ကျခဲ့ရတယ် .. Suho ကိုခေါင်းခါပြနေတုန်း ညည်းညူသံတစ်ခုကြောင့် Lu ကိုကြည့်လိုက်တော့ မျက်လုံးမပွင့်သေးပေမယ့် မျက်နှာလေးက ရှုံ့မဲ့နေတယ် ... ဆရာဝန်ပြေးခေါ်တော့ ဆရာဝန်က သူမကိုမေးခွန်းတွေမေးတယ် ..
أنت تقرأ
The Day We Meet [H♡H]
عشوائي[Zawgyi × Unicode version] Hun is lu's ex boyfriend who break up in past .......