《30》

1.8K 148 2
                                    

"Aigoo ... လှေကားဆင်းရတာ မလွယ်ပါလားနော် ... "

"အဲ့ဒါကြောင့် Wheel Chair ယူလိုက်ပါမယ်ဆို ?? "

"Arni .. အဆင်ပြေပါတယ် .. Eh ! တစ်ယောက်ယောက်ဈာပနထင်တယ် .. "

အောက်ထပ်မှာ ပြင်ဆင်နေတဲ့ ဈာပနကိုလှမ်ကြည့်ရင်းပြောတော့ Sehun က ...

"မပြောတတ်ဘူးလေ ... သွားရအောင် Ommani တို့စောင့်နေလိမ့်မယ် ... "

"အင်း ..... "

Sehun မောင်းတဲ့ကားပေါ်မှာ ထိုင်လိုက်ရင်း ပျော်ရွှင်နေသော သူမကို ဘာမှမပြောရက် ... ဒါမယ့် ...

"Wae ??? ကားကိုဘာလို့ရပ်လိုက်တာလဲ ? "

"Lu ah ..... ငါ ... နင့်အနားမှာဆက်နေလည်း ရတယ်မလား "

စိတ်ပူနေတဲ့မျက်နှာလေးနဲ့ မေးလိုက်တော့ ..

"Ha ha ... ဘာတွေပြောနေတာလဲ ? ငါ့အနားမှာနေဖို့ ခွင့်ပြုချက်လိုလို့လား "

ဘာမှမသိတဲ့ကလေးလေး လိုပြောနေတဲ့သူမကိုကြည့်ပြီး Sehun သက်ပြင်းချမိတယ် ...

"တကယ်တော့ နင်ကငါ့ကို ပြန်လက်မခံသေးဘူးဟ .. ငါကြိုးစားရဦးမှာ .. ဒါကြောင့် နင့်အနားမှာနေပြီး ကြိုးစားခွင့်ပေးပါလား "

သူ့စကားကို မျက်တောင်လေး ပုပ်ခတ်ပုက်ခတ်နဲ့ နားထောင်နေပြီး ခေါင်းညိတ်ပြတယ် ...

"ငါဘာလို့များ ပြန်လက်မခံတာပါလိမ့် ? ငါလည်းသဘောကျရဲ့သားနဲ့ .. "

ထိုစကားကို Sehun မကြားအောင် ပြောလိုက်တယ် ..

တောင်းပန်ပါတယ် Wu Yifan ... ငါကအသည်းနှလုံးမရှိတဲ့ လူဆိုပြီးမင်းမုန်းနိုင်ပါတယ် .. ဒါမယ့် အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးလေ .. မင်းအကြောင်းကို Lu ကြားရင် နာကျင်နေမှာမို့ခဏဖုံးထားပေမယ့် ငါကတော့ တစ်သက်လုံးဖုံးထားလိုက်ချင်တယ် ... မင်းအတွက် ..... စိတ်မကောင်းပါဘူး ...
~~~~~~~~~~~~
အားလုံးဟာ နေရာတကျမဟုတ်သော်လည်း ရွှေ့ပြောင်းထားတဲ့နေရာမှာ အံဝင်ခွင်ကျဖြစ်နေပါပြီ .. Chanyeol နဲ့ Baekhyun ဟာလည်း ဗီဇာမကုန်မချင်းနေမှာမို့ ကြာမယ်တဲ့လေ .. ပြီးတော့ ...

"Yah ... Suho .. အရမ်းချစ်ဖို့ကောင်းတာပဲ .. ဖြူဖြူလုံးလုံးလေ .. ခ်ခ် .. ကလေးလေးရေ .. ဒေါ်လေးကိုကြည့်ပါဦး .. "

The Day We Meet  [H♡H]Where stories live. Discover now