"ဘယ်လိုဖြစ်တာလဲဟ .. နင်ရောဘာကြားသေးလဲ "
TVရှေ့မှာဇလုံကြီးနဲ့ထမင်းသုတ်တွေစားရင်း drama ကြည့်နေတဲ့ သူမကိုကြည့်ရင်း Baekhyun က Suhoကိုပြောခြင်းပါ ..
"မသိဘူး ..တစ်အိမ်လုံးကိုလည်းသန့်ရှင်းရေးတွေလုပ်နေတယ် ..သိမ်းထားတဲ့ပန်းကန်တွေလည်းထုတ်ဆေးနေတယ်ဟ ..ဆေးရုံကဆင်းလာပြီးကတည်းကတစ်ခုခုပဲ .."
မိုးရွာထဲမှာလဲကျနေလို့အဆုတ်အအေးပတ်ပြီးဆေးရုံ၂ရက်တက်လိုက်ရသေးတယ်လေ .. Baekhyun ကကုတ်ချောင်းချောင်းနဲ့Luhan နားသွားထိုင်ပြီး ..
"Lulu ... နင်ဘာတွေဖြစ်နေတာလဲ .. "
"ဘာဖစ်လို့တုန်းဟ .. ငါဘာသာနေနေတာကို "
သူမကTvကိုအကြည့်မလွှဲဘဲပြန်ဖြေတော့ Baekhyun ကခေါင်းကိုတဗျင်းဗျင်း ကုတ်ရင်း စိတ်ရှုပ်သွားဟန်နဲ့ ..
"နင်အရင်ကအဲ့လောက်အစားမပက်စက်ပါဘူး .. ပြီးတော့အခုလို Drama ကြည့်ဖို့အချိန်ပေးတတ်တဲ့သူမှမဟုတ်တာ .. နင်နေကောင်းရဲ့လား .. "
နဖူးကိုစမ်းဖို့လှမ်းလာတဲ့လက်က သူမစကားကြောင့်လမ်းတစ်ဝက်မှာတင်ရပ်သွားတယ် ..
"ငါOh Sehun နဲ့လမ်းခွဲလိုက်ပြီ "
သူမပုံကဘာမှမဖြစ်သလိုပင် .. အစားအသောက်မပျက် ..
"နင်ကအဲ့ဒါကြောင့်စားပိုးနင့်ပြီးသေအောင်ကိုယ့်ကိုကိုယ်သေကြောင်းကြံနေတာလား .. ပေးစမ်းငါ့ကိုအဲ့ဇလုံ .. "
ဗျက်ကနဲလုခံလိုက်ရတဲ့ဇလုံကိုပြန်ဆွဲယူရင်း
"နင်မသိဘူးလား .. လူတွေကဝမ်းနည်းလေ ပိုစားလေပဲ .. "
သူမစကားကြောင့် Baekhyun က ဇလုံကိုပြန်ပေးရင်း ..
"ပြောပါဦး ..နင်ပဲလက်မလွှတ်ပေးနိုင်ဘူးဆို ..အဲ့ဒါဆိုလည်းအဆုံးထိဆွဲထားမှပေါ့ .. "
တကယ်တမ်းကငါရူးခဲ့တာ ..
နင့်အတွက် ငါကအရေးပါတယ်ထင်ပီး
ငါ့ကိုယ်ငါအထင်ကြီးနေမိတာ .."အခုမရတော့ဘူး .. ကြားလူရှိလာပြီ .. သူမိန်းမတစ်ယောက်ကိုချစ်သွားပြီ ..ငါ့ကိုလမ်းခွဲဖို့တောင်းဆိုတယ်လေ .. ငါစိတ်ကုန်နေပြီ .. ငါဆွဲမထားချင်တော့ဘူး .. "
YOU ARE READING
The Day We Meet [H♡H]
Random[Zawgyi × Unicode version] Hun is lu's ex boyfriend who break up in past .......