《31》

1.9K 167 9
                                    

"Lu ... နင်ခရီးသွားမယ်ဆို ?
ဘယ်အချိန်လဲ ? "

Chanbaek couple က Lu's hotel မှာလာဇိမ်ကျနေတာလေ .. အခုလည်း ဘေးက Lu အခန်းကိုလာပြီး ကမြင်းနေခြင်းသာ ..

"အင်း .. Sehun လာခေါ်လိမ့်မယ် .. "

"အော် .. "

Baek ကော်ဖီဖျော်ရင်း အော် တစ်ခန်းသာပြောပြီးဆက်လုပ်နေတယ် ..

"Baekhyun .. ငါ့Laptop Screen က ဘယ်သူ့ပုံတုန်း .. မြင်ဖူးသလိုပဲ "

Baekhyun လှမ်းကြည့်လိုက်တော့ Fan Fan မှ Fan Fan အစစ် ...

"အဲ .. ဟို .. အော် .. အဲ့ဒါနင်သဘောကျတဲ့ တရုတ်မင်းသားလေ .. သူ့ကြောင့်နင်တရုတ်စာတောင်သင်ပြီး အရူး .. အရူးထသေးတာ .. "

"အော် .. သူလား ?? ငါဘယ်တုန်းက မင်းသားတွေကို ကြိုက်တတ်သွားပါလိမ့် ? "

Lu .. Baekhyun ရဲ့အပြောကို မတင်မကျစဉ်းစားနေတုန်း Sehun လာခေါ်လို့ Laptop ကြီးသိမ်းပြီး ထွက်သွားတယ်  .. အဲ့တော့မှ Baekhyun ဟင်း..ချနိုင်တော့တယ် .. Chanyeol က ဆိုဖာပေါ်ကနေ သူ့နားရောက်လာကာ Baek ပခုံးတွေကိုနှိပ်ပေးရင်း ..

"အဆင်ပြေသွားမှာပါ .. Fan Fan ကိုတွေးရင် ရင်နာမိပေမယ့် Luhan ကိုတွေးရင် သူပျော်နေတာမို့ အဆင်ပြေတယ် Baek ... "

Chanyeol ဆိုတာက Baek ရင်ထဲကိုထိုးဖောက်မြင်နိုင်တဲ့ တစ်ဦးတည်းသော လူစွမ်းကောင်းပါလေ ..
●●●
"Sehun ... ငါကအဲ့လိုပဲလား ?? မင်းသားတွေကို အသေရူးတဲ့သူလား "

Lu စကားကြောင့် Sehun က ကားမောင်းနေရင်းလှမ်းကြည့်ပြီး ..

"ငါသိသလောက်တော့ နင်ကငါ့ကိုပဲ ရူးတာပါ ဟီးဟီး ... (wink) "

"ပြောင်ချော်ချော်နဲ့ 😒"

Sehun နဲ့ ပျော်စရာ ခရီးစဉ်တစ်လျှောက်မှာတော့ Lu တစ်ယောက် သူတွေးနေခဲ့တဲ့ Fan Fan အကြောင်းကို မေ့နေခဲ့ပါတယ် ... ညနေနေရီချိန် အလှနဲ့ Sehun ပြင်ထားတဲ့ Romantic dinner နဲ့က သိပ်ကို လှပနေတာပေါ့ ... ပျော်ပျော်ရွှင်ရွှင် Dinner စားပြီးနောက်တော့ ...

"Lu .... နင်ငါ့ကိုချစ်နေသေးသလို ငါလည်းနင့်ကိုချစ်တယ် .. ငါတစ်ရက်မှမေ့မရခဲ့ဘူး ... နင့်ကိုလမ်းခွဲခဲ့မိတာဟာ ငါ့ဘဝမှာအကြီးမားဆုံးသော ဆုံးရှုံးမှုကြီးပါပဲ .. ငါ့ကိုချစ်နေသေးတယ်ဆိုရင် နင့်ရဲ့ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး ငါနဲ့အတူဖြတ်သန်းကြရအောင် ? ငါ့ကိုလက်ထပ်နိုင်မလား Lu ... "

The Day We Meet  [H♡H]Where stories live. Discover now