《19》

1.8K 172 1
                                    

"အားလုံးမင်္ဂလာပါ .. ကျွန်မက Double U Company က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ပါ .. "

ရှယ်ယာရှင်အစည်းအဝေးမှာ သူဒီCompanyကိုရောက်လာရတဲ့ အကြောင်းနဲ့ ရှေ့ဆက်လုပ်မှာ တွေကိုပြောဖြစ်တယ် .. အစည်းအဝေးပြီးတော့ ဒီဘက်က  ကိုယ်စားလှယ် ဒါရိုက်တာ အီ က ..

"Canada ကဆိုတော့ ကျွန်မက နိုင်ငံခြားသားထင်နေတာ .. ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ အဆင်ပြေချင်ပါတယ် .. "

သူမကမ်းပေးတဲ့လက်ကို လက်ဆွဲနှုတ်ဆက်ရင်း

"ဟုတ်ကဲ့ .. ကျွန်မကလည်းဒီဘက် Company အခြေအနေကိုလေ့လာဦးမှာပါ .. အဆင်ပြေရင်ကောင်းတာပေါ့ရှင် .. ခွင့်ပြုပါဦး "

ဒီ SS Group နဲ့ သူမတို့ Double U Group ပူးပေါင်းဖို့အတွက်လာတာပါ .. ပြီးတော့ TS Group ကလည်း ကမ်းလှမ်းထားတာမို့ ဘယ်သူ့ကိုရွေးချယ်ရမလဲ မသိသေးတာအမှန် .. SS Group ကတော့အဓိကထား ပူးပေါင်းရမှာလေ .. စီးပွားရေးမှာ အရှုံးပေါ်လို့မဖြစ်တာကြောင့် အသေးစိတ်ကအစ လေ့လာရမှာမလား ??

•••
"ငါတကယ်စိတ်ဆိုးတယ် Luhan .. ငါတို့နှစ်တိုင်း BD wish လုပ်ပေးတာတွေ .. တစ်ခုမှ reply မလာဘူးနော် .. "

Soo ကစူစူပုပ်ပုပ်လေးပြောတယ် .. သူတို့တွေလည်းစိတ်ဆိုးကြမှာပေါ့လေ ..

"Miya ..ငါတကယ်အဆက်အသွယ်မလုပ်ချင်လို့ပါ .. ဆက်သွယ်မိရင် ငါပြန်လာချင်မှာစိုးလို့ .. "

Dinner ကို ဗိုက်ကြီးသည် Suho ရယ် .. အလုပ်ကြိုးစားသူ Xing ရယ် .. အယ်ဒီတာ Soo ရယ် .. သတို့သား Jongin ရယ် နဲ့အတူ စားဖြစ်တယ် .. Jongin ကသတိတရ နဲ့ မေးတယ် ..

"Baekhyun တို့ရော .. အဆင်ပြေကြလား "

"အင်း .. သူတို့ Les Vegas မှာလေ .. သူတို့ကလက်ထပ်ပြီးသွားပြီ "

"Bor !! ငါ့ထက်စီနီယာကျပါလား !! မနိုင်စိန်၂ယောက်ကတော့ .. "

Soo ကမကျေနပ်သလိုလေးပြောတော့ ..

"သူတို့ကအရင်တည်းကချစ်သူတွေလေ .. နင်ကငါမှမယူရင်အပျိုကြီးဖြစ်မှာ .. မတန်မရာမနှိုင်းနဲ့ 😛 "

"ဘာ !!! Kim Jongin 😠😠 ဘာပြောတယ် ?? နင့်ကိုယ်နင်ဟုတ်လှပြီထင်မနေနဲ့  .. ငါကသနားလို့ လက်ထပ်တာကို အကောင်းထင်နေတယ် .. 😤 "

The Day We Meet  [H♡H]Où les histoires vivent. Découvrez maintenant