《26》

1.8K 152 4
                                    

"Lu ရာ .. ထပါကွာ .. လမ်းသွားလျှောက်ကြမယ်လေနော် .. နော် "

အိပ်ယာပေါ်တွင် မထချင်၍ အတင်းမျက်စိမှိတ်ပြီး အိပ်နေသော Lu ကို Fan Fan အတင်းနှိုးနေပါသည် ...

"မထဘူးကွာ .. အိပ်ချင်တယ် .. နေ့တိုင်းရေကစားရ လမ်းလျှောက်ရတာ ပျင်းလာပြီ .. "

၃ရက်ရှိပြီ .. ဒီကိုရောက်ကတည်းက ရေကစားလိုက် လမ်းလျှောက်လိုက်နဲ့သာ အချိန်ကုန်နေရသည် .. ဒါကြောင့် ၄ရက်မြောက်နေ့မှာ တစ်နေ့လုံးအိပ်နေတာပေါ့ .. အဲ့ဒါကို Fan Fan က ပျင်းနေတာထင်ပါရဲ့ .. ညနေရောက်တော့ သည်းမခံနိုင်တော့ဘဲ Lu ကိုအတင်းနှိုးနေခြင်းပါ ..

"ခဏပဲ .. ၁၅မိနစ် .. ဟုတ်တယ် .. ၁၅မိနစ်ပဲသွားရအောင်နော် .. "

သူ့ပုံစံက ကလေးလေးလို လုပ်နေတာကြောင့် အသည်းယားလာကာ ထထိုင်လိုက်ပြီး သူ့ပါး၂ဖက်ကို အုပ်ကိုင်ပြီး

"Aigoo .... သွားမယ် သွားမယ် "

"အသည်းယားပြီးဖက်နမ်းချင်ရင် နမ်းလို့ရပါတယ် .. "

ပါးအုပ်ကိုင်ထားသဖြင့် ဆူထွက်နေသော နှုတ်ခမ်းကို ပိုဆူကာပြောလာသဖြင့် သူ့နှုတ်ခမ်းကို နမ်းလိုက်ပြီး အိပ်ယာထလိုက်တယ် ...

"ပြင်ဆင်ဦးမှာလား "

"Arni .. ဒီတိုင်းသွားမယ် .. ဘာလဲ .. ရှက်လို့လား .. ရုပ်ဆိုးလို့မချစ်ချင်တာလား "

Lu က ဆူဆူပုပ်ပုပ်လေးပြောတော့ Fan Fan က ရင်ခွင်ထဲထည့်ပြီး တိုးဖက်ကာ

"ရှက်စရာလားကွာ .. ကိုယ့်ချစ်သူလေးက ဒီလောက်ချစ်ဖို့ကောင်းတာကို .. သွားကြမယ် .. "

ပြောပြီး သူမလက်ကိုဆွဲကာ ကမ်းခြေကိုသွားကြတယ် ..

"Lu ah .. ကိုယ်တို့မင်္ဂလာဆောင်ပြီးရင် ဒီကိုပဲလာရအောင် .. "

"အင်း .. "

"သား၂ယောက် သမီး၁ယောက် လိုချင်တယ် "

"Huh !? "

သူ့အပြောကြောင့် သူ့မျက်နှာကိုကြည့်လိုက်တော့ သူကကမ်းခြေကို ကြည့်နေတယ် ..

"သမီးက အငယ်ဆုံး .. သား ၂ ယောက်ကို Lu Fan နဲ့ Lu Feng လို့ပေးမယ် .. သမီးလေးက .. Lu Yu ... သူတို့အားလုံးကို Canada နိုင်ငံသားခံယူပေးမယ် .. ပြီးရင် ကိုယ်တို့အသက်ကြီးလာတဲ့အခါ Lu နေချင်တဲ့ နေရာမှာ နေမယ်လေ .. "

The Day We Meet  [H♡H]Donde viven las historias. Descúbrelo ahora