《27》

1.9K 152 8
                                    

☆ D-1 ☆

"ဒီနေ့ .. ငါတို့ ပျော်ပွဲစားထွက်ကြမယ် .. "

ထိုစကားကိုကြားယောင်လာရင်း ခေါင်းကိုခါရမ်းလိုက်တယ် .. အလုပ်လုပ်နေတယ်မလား .. တခြားကိုအာရုံမပြန့်သင့်ဘူးလေ .. အဲ့လိုသာတွေးတာပါ ရုံးဆင်းတဲ့အထိ အာရုံကထွေပြားနေတာ ..

"ဟိတ် ! Lu ... "

Company ရှေ့မှာ ကားရပ်ရင်း အရင်ကနဲ့မတူ လူငယ်ဆန်ဆန်ဝတ်စားထားတဲ့သူ့ကြောင့် အထူးအဆန်းဖြစ်မိတာဝန်ခံပါတယ် ..

"ရော့ .. လဲလိုက် "

လက်ထဲကိုရောက်လာတဲ့စက္ကူအိတ်ကိုကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မစွန့်လွှတ်လိုက်ပြီဖြစ်တဲ့ ၂၁ရာစု လူငယ် Style .. ကျွန်မ Toilet ထဲဝင်ကာလဲလိုက်ပြီး ကိုယ့်ပုံကို မှန်ထဲပြန်ကြည့်မိတယ် .. ဂျင်းဘောင်းဘီနဲ့ ဆွယ်တာလေး တွဲဝတ်ထားတာကြောင့် လူငယ်ဆန်စေပေမယ့် အမြင်မရိုင်းဘူး .. အဆင်ပြေတဲ့အပြင် အသက်၂၀လို့တောင်ခံစားမိတယ် ..

"သွားရအောင်လေ .. နောက်ကျနေမယ် .. "

ပြောပြောဆိုဆိုနဲ့ သူကကားမောင်းထွက်ကာ Han မြစ်ဘေးကိုလာတယ် .. နေမဝင်သေးတာကြောင့် သူကစက်ဘီးစီးဖို့ပြောတယ် .. အရင်ကလည်း စီးဖူးတာပဲတဲ့လေ .. အင်း .. ကျွန်မရဲ့ ၁၉နှစ်ပြည့်မွေးနေ့မှာ ကျောင်းပြေးပြီး Han မြစ်ဘေးမှာ တစ်နေကုန်လာထိုင်ဖူးတယ် .. စက်ဘီးလည်းစီးဖြစ်တယ်လေ .. နေဝင်ပြီးမှောင်လာတော့ သူယူလာတဲ့ စားစရာတွေကို မြစ်ကမ်းဘေးမှာ လေတဖြူးဖြူးနဲ့ ထိုင်စားဖစ်တယ် ..

"Lu .. အရင်က နင်ငါ့အတွက် ထမင်းဘူးထည့်လာပေးနေကျနော် .. အဲ့ထမင်းဘူးကို Jongin ယူစားလို့ရန်ဖြစ်ရသေးတယ် "

သူဘာရည်ရွယ်ချက်နဲ့ တူးဆွနေလဲမသိပေမယ့် ကျောင်းတက်နေစဉ် အထက်တန်းတစ်လျှောက်လုံး ကျွန်မ Omma ထည့်ပေးတဲ့ထမင်းဘူးဟာ Sehun အတွက်ဖြစ်ခဲ့ပြီး သူစားတာကိုထိုင်ကြည့်ရင်း ပျော်နေတတ်တဲ့ အရူးမ ကျွန်မကို Jongin က အမြဲထမင်းဝယ်ကျွေးတတ်တယ် ..

"အဲ့ဒါနင့်ထမင်းဘူးမှန်းသိလျက်နဲ့ ငါစားချင်တာကြောင့် မသိချင်ယောင်ဆောင်နေခဲ့တာ .. စဉ်းစားကြည့်ရင် ငါတကယ်ဆိုးတာပဲ "

The Day We Meet  [H♡H]Where stories live. Discover now