#Japan
သိပ်လှတဲ့နိုင်ငံ။
ကမ္ဘာ့နဲ့ချီတဲ့အောင်မြင်မှုတွေသန္ဓေတည်ရာ။
ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေအားကျအတုယူနေရတဲ့ ကြိုးစားမှုသမိုင်းကောင်းတွေပြဆိုခဲ့သောဌာနီ။
ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးစာရင်းဝင်သဘာ
ဝတရားတစ်ခုကိုပိုင်ဆိုင်ထားသူတို့၏ဂုဏ်ယူ
ဖွယ်အပြုံးတွေအားမုဒိတာပွါးဖွယ် ရှုမြင်စေသောနိုင်ငံ။
ညလယ်အထိ စည်ကားနေတတ်သောမီးရောင်
စုံလမ်းမကြီးတွေပေါ်မှာ မြန်ဆန်တက်ကြွသော
ခြေလှမ်းရှင်အလုပ်ပျားတွေ။
ထိုသို့သောနိုင်ငံတွင်၁၈နှစ်အရွယ် အာရှတိုက်
တောင်ပိုင်းသူလေး။တိတိကျကျပြောရလျှင်မြန်မာနိုင်ငံ အထက်ပိုင်း။မြန်မာ့သမိုင်းကမ္ဘာမှာမော်ကွန်းတင်စေခဲ့ နေလို
လလိုဘုန်းတန်ခိုးကြီးမြတ်သူတွေ တည်ထောင်
ထားခဲ့သောပုဂံပြည်မှ ပုပ္ပါးသူလေး။ပုပ္ပါးတောင်မှ
ဝင်းဝင်းဝါဝါပန်းစံကားတို့ကြားပြေးလွှားဆော့
ကစားရင်းကြီးပြင်းခဲ့သူ။ ခုတော့လေတိုက်တိုင်းလွင့်ခနဲဖြစ်သွားတတ်တဲ့
ချယ်ရီဖြူပွင့်ဖတ်တွေပန်းရောင်သန်းချယ်ရီပွင့်ချပ်
လေးတွေကြားယုယနွေးနွေးဆိုသည့် မြန်မာမလေးလည်းပြေးပြေးလွှားလွှားကျောင်း
တက်နေရပြီ။
စကားဝါပန်းတွေသိပ်ထည့်ထားတဲ့ပုလင်းလေးနှင့်
ဖြူစွတ်စွတ်မဟုတ်ပါပဲစကားဝါပန်းလိုဝင်းဝင်းဝါဝါအသားအရေတို့ကဂျပန်ပြည်ဖွားလေးတစ်
ယောက်မဟုတ်မှန့်းသတိပေးနေသောအရာတွေမွေးရပ်ပုပ္ပါးမြေကိုYukiစွန့်ခွါခဲ့တာ၈နှစ်သမီးတည်းက။ခုဆိုYukiအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူ
စီနီယာကြီးတောင်ဖြစ်နေပြီ။
ဂျပန်နိုင်ငံ၏နာမည်ကြီးTokyo University
မှာEnvironmental Engineeringကိုသင်ယူချင်တဲ့ Yuki။
Japanစကားကိုမိခင်ဘာသာစကားလိုပြော
တတ်နေခဲ့သောYuki။ကိုယ်လိုစာကြမ်းပိုးလေး
တွေနဲ့ပြေးလွှားကျောင်းတက်နေတတ်တဲ့Yuki။
Yuki သုံးနှစ်သမီးလောက်မှာဖေဖေကမိဘ
လက်ရင်းအမွေ ယွန်းထည်နှင့်ရွှေချည်ငွေချည်ထိုး
လုပ်ငန်းကိုစွန့်ခွာကာ ငယ်သူငယ်ချင်းတစ်
ယောက်အကူအညီနှင့် Japanကိုထွက်သွားခဲ့
တယ်။ဖေဖေJapanရောက်သွားပေမယ့် မေမေ
နဲ့အဘွားကတော့ ယွန်းထည်လုပ်ငန်းကိုဆက်
လက်လုပ်ကိုင်ခဲ့တယ်။Yukiတို့လုပ်ငန်းက
ဟုန်းဟုန်းတောက်အောင်မြင်တာမျိုးမဟုတ်ပေ
မယ့်လူတန်းစေ့နေနိုင်တယ်။ဖေဖေ့ကိုပြန်လာခဲ့
ဖို့အဘွားကအကြိမ်ကြိမ်ခေါ်နေပေမယ့်Japan
သူဌေးကြီးရဲ့အားကိုးအားထားတပည့်ကောင်း
တစ်ယောက်ဖြစ်နေပြီဖြစ်သောဖေဖေကအမိမြေ
ကိုပြန်မလာသည့်အပြင် Yukiကို
ပါ "ငါ့သမီးဘဝနောင်ရေး" ဟူသောခေါင်းစဉ်ဖြင့်
Japanကိုခေါ်ခဲ့သည်။
အဲ့တုန်းကဆိုYukiအသက်၈နှစ်။
ခက်ခဲခဲ့တယ်။ဘာသာစကား။ယဉ်ကျေးမှု။နေထိုင်
မှုဘဝပုံစံ။အစစအရာရာအသစ်ကနေပြန်သင်ခဲ့
ရတယ်။အဖေတူသမီးမို့ဥာဏ်ကောင်းတယ်ပဲ
ပြောရမလားပဲ။Yuki Japanစကားကိုတစ်နှစ်
ပဲသင်လိုက်ရတယ်။ပထမ မူလတန်းကျောင်းမှာ
တက်ရပေမယ့် Yukiအသက်၁၂နှစ်မှာအလယ်
တန်းကျောင်းဝင်ခွင့်ဝင်ဖြေတော့အောင်သွားခဲ့
တယ်လေ။ဒီလိုနဲ့ တခြားရွယ်တူကလေးတွေနှင့်
အတူပုံမှန်ကြီးပြင်းခွင့်ရခဲ့တယ်။ဘဝတစ်လျှောက်
သာသာယာယာပါပဲ။သူဌေးကြီးရဲ့ဧကရာချီတဲ့
နန်းတော်ဝင်းလိုအိမ်ကြီးထဲက ဝန်ထမ်းအိမ်ရာ
မှာYukiတို့မိသားစုနေခွင့်ရတယ်။ဖေဖေနဲ့သာ
သူဌေးကြီးနဲ့အဆက်အဆံရှိပေမယ့် Yukiက တော့တစ်နှစ်နေလို့တစ်ခါသူဌေး
ကြီးတို့မိသားစုနှင့်မတွေ့ဖြစ်။
Yukiရည်မှန်းချက်အတိုင်းTokyo တက္ကသိုလ်
ကိုရောက်အောင်တက်မယ်။ပြီးရင် မြန်မာပြည်
ကိုပြန်မယ်။ဘွားဘွားတို့လုပ်ငန်းကိုမိရိုးဖလာ
အဆင့်ကနေ Internationalအဆင့်မှီအောင်
ကြိုးစားပေးချင်တယ်။ယွန်းထည်ဆိုတာယခု
ခေတ်ပေါ်လူလုပ်ဓာတ်ပြုအသုံးအဆောင်ပစ္စည်း
တွေလိုဘေးဥပဒ်မဖြစ်စေပဲ သဘာဝပတ်ဝန်းကျင်
နဲ့လည်းကိုက်ညီတယ်ဆိုတာကိုကမ္ဘာကသိလာ
အောင်အသိအမှတ်ပြုလာအောင်လုပ်ပေးချင်
တယ်။ရောင်စုံပုံဆန်းပလက်စတစ်ပုံးမျိုးစုံနေရာ
တွင်လက်လုပ်နှီးဖာတောင်းလေးတွေကို အမြတ်တနိုးသုံးလာစေဖို့ ကြိုးစားကြည့်ချင်တယ်။
မြန်မာမှုလက်ရာတွေက classicalဆန်သော်
ငှားပကာသနမဖက်သောကြောင့်လူတန်းစားမရွေး
တင့်တင့်တယ်တယ်လေးသုံးလို့ရမယ်လို့Yuki
ထင်တယ်။
နောက်ထပ်အိပ်မက်တစ်ခုက ပုဂံ
ယွန်းတက္ကသိုလ်တက်ချင်တယ်။ဝင်ခွင့်ရဖို့ကြိုးစား
ရအုံးမယ်ရယ်~~~
ပန်းနုရောင်ချယ်ရီပွင့်တွေကိုချစ်ပေမယ့်---
စကားဝါပန်းလေးတွေကိုလွမ်းတယ်။
Death Noteထဲက Lကိုစွဲလမ်းပေမယ့် ပုပ္ပါး
သူမယ်ဝဏ္ဏနဲ့ပန်းဆက်သူရဲကောင်းလေးဗျတ္တရဲ့
လွမ်းမောဖွယ်အချစ်ဇာတ်လမ်းကို ခုထိ
ရင်ခုန်လွမ်းမောမိနေဆဲ။
ဘွန်ဆိုင်းပင်လေးတွေကိုအသည်းယားစွာကြည့်
နေစဉ်အရွက်ကလေးတွေစိမ်းဖြာနေတတ်
တဲ့ နေရောင်ခြည်တိုးမပေါက်နိုင်အောင်အေးမြ
နေစေတတ်သောတမာတန်းတွေနှင့်မန်ကျဉ်းပင်အုပ်ဆိုင်းဆိုင်းလမ်းလေးတွေကိုသတိရတယ်။
ူတောင်ပေါ် မဟာယာနဘုရား
ကျောင်းကိုသွားတိုင်းဘွားဘွားနဲ့အတူသွား
ခဲ့သည့် ပြသာဒ်ဘုံပျံအဆင့်ဆင့်နှင့်သစ်စေးဝနေ
သောရွာထိပ်ကဘုန်းဘုန်းကျောင်းခန့်ထည်ထည်
ကြီးကို အောက်မေ့တယ်။
အုံးမောင်းခေါက်သံတတောက်တောက်ကြားမှ ရွတ်ဖတ်သံတွေကြားရင်စာသင်ကိုယ်ရင်လေးများ၏ စာအံနေသံတွေကိုပြန်ကြားယောင်နေမိသည်။
နောက်စားလို့တောင်ရတယ်ဟူ၍သဘာဝသစ်
သီးသစ်ဥများနှင့်လုပ်ထားသည့်
Cosmeticချိုအီအီအနံ့တွေထက်အဘွားဆီ
မှရတတ်သောနံ့သာဖြူ ကရက်မက်နှင့် တောင်နံ
ကြီးကတိုးနံ့တွေကိုပိုသဘောကျတယ်။ဟုတ်တယ်အနားကပ်တာနဲ့ရင်ထဲအေးသွား
စေတတ်ထိုရနံ့တွေကိုရှေးမြန်မာအမျိုးသမီးကြီး
တွေမှာကိုယ်သင်းနံ့အဖြစ်စွဲနေတတ်တာကိုYuki
အားကျမိတယ်။အနားကပ်သူကိုပြင်းရှရှဆွဲဆောင်နေတဲ့အနံ့မျိုးမဟုတ်ပဲရင်ကိုအေးသွားစေတယ်လေ။
နှင်းတွေဖုံးနေတဲ့Fujiတောင်ကိုဖေဖေလိုက်ပို့
တော့ မျောက်အော်သံတွေ
ဆုတောင်းမေတ္တာပို့သံတွေလွှမ်းနေ
တတ်တဲ့ပုပ္ပါးတောင်ကိုသတိရ၍ငိုခဲ့ဖူးတယ်။
ဘွားဘွားကိုလွမ်းတယ်။မေမေ့ကိုလွမ်းတယ်။
#မြန်မာပြည်ကိုနေ့တိုင်းလွမ်းတယ်။

STAI LEGGENDO
Sasaeng
Fanfiction(𝒁𝒂𝒘𝑮𝒚𝒊 & 𝑼𝒏𝒊𝒄𝒐𝒅𝒆)I don't like Sasaeng.But she comes to me as Sasaeng.She is my??? #Suho