Familar Tear

4.2K 390 7
                                    

တောင်ပေါ်ကျောင်းကအစဉ်ဲဆိတ်ငြိမ်လျက်။
Japanရောက်တိုင်းကျတော်ဒီကျောင်းလေးကို
လာဖြစ်တယ်။ကျောင်းထိုင်သာသနာပြုဆရာလေးကAppa
ရဲ့ငယ်သူငယ်ချင်းလေ။ဒီရက်ပိုင်းစိတ်တွေလေး
နေခဲ့တာ။စိုးရိမ်နေသလိုကျတော့်ပုံတွေတော့ထွက်မလာခဲ့။ဒါကိုဝမ်းသာရမည်မှန်သော်လည်းဘာကြောင့်
မှန်းမသိစိတ်ထဲမတင်မကျနဲ့။နေလို့ထိုင်လို့လည်း
မကောင်း။အလုပ်တွေလုပ်နေချိန်members
တွေနဲ့စကားပြောဆိုနေချိန်တောင်ဖြတ်ခနဲပေါ်ပေါ်
လာတတ်တဲ့ မျက်ရည်မြစ်တစ်စင်း။လူ့စိတ်ဆိုတာ
ကလည်းအခက်သားရယ်။ကောင်းသောတွေ့ဆုံ
ခြင်းနဲ့တွေ့ဆုံခဲ့တဲ့လူတွေကိုသာ သတိတရရှိတတ်
တာမျိုးမဟုတ်ပဲ နောက်တစ်ခါမဆုံပါရ
စေနှင့်ဟု ခပ်ကြိတ်ကြိတ်တောင်းတနေမိရင်းမှ မျက်ရည်တွေရစ်သိုင်းနေသောမျက်ဝန်းတစ်စုံကအတွေးထဲဝင်ဝင်လာတတ်မြဲ။အခုကျတော်သူ့ကို
ကြောက်နေတာလား?အဲ့နေ့ကသူ့ပုံတွေဘယ်
အချိန်ထွက်လာမလဲဆိုတဲ့ အတွေးနဲ့သူစိုးထိတ်
နေတာလား?မသိတော့ဘူး။သူက မကျွတ်မလွတ်
နိုင်သောဝိညာဉ်တစ်ကောင်လိုကျတော့်လိပ်ပြာကိုစွဲကပ်ခြာက်လှန့်နေ၏။ဘယ်မှာဘယ်လိုအကြံအစည်တွေနှင့်
ကျတော့်ပုံတွေကိုဘာလုပ်နေလဲဆိုတဲ့အတွေး
ဝင်မိတာနဲ့ကျတော့်ရင်ကိုမီးစနှင့်ထိုးနေသလိုပင်။
ခုခဏတာပဲဖြစ်ဖြစ်စိတ်တွေအေးချမ်းပါရစေ။

ဆည်းလည်းသံတချွင်ချွင်။လေနှင့်အတူပါလာ
သောအမွှေးတိုင်ရနံ့။တတောက်တောက်
အုန်းမောင်းခေါက်သံနှင့်ရွတ်ဖတ်သရဇာယ်သံတိုး
လျလျတွေ။စိတ်သက်သာရာရစေသောဆရာလေး
၏ငြိမ်းချမ်းသောကြိုဆိုအပြုံး။

""အလုပ်နဲ့လာတာလားသား""

""Nae~~ဆရာလေးကောနေကောင်းတယ်
နော်""

""ကောင်းပါတယ်။သားမိဘတွေကော""

""Nae~~သူတို့လည်းကောင်းကြပါတယ်""

**မကောင်းတာကကျတော်ပါ**

ဆရာလည်းတည့်ခင်းဧည့်ခံသော ကောက်ညှင်း
လက်ဖက်ရည်ကိုရသာခံသောက်ရင်းခပ်လှမ်း
လှမ်းအဆောင်ဆီသို့ စိုးရိမ်သလိုလှမ်းလှမ်းကြည့်
နေသောဆရာလေးကြောင့် ကျတော်လည်းဆရာ
လေးစိတ်အစဉ်ကိုတွယ်နှောင်နေသောနေရာဆီ
သို့လှမ်းကြည့်မိလေရဲ့။
ဗျာဒိတ်ပေးနေသောဗုဒ္ဓရုပ်ပွါးတော်ရှေ့ အလုံး
၁၅၀၀ရှိပုတီးရှည်ကိုဆွဲကိုင်ကာ ပုတီးတစ်လုံးချ
လိုက်ထိုင်ရှီခိုးဝတ်ပြုလိုက်လုပ်နေသော အဖြူ
ရောင်သဏ္ဌာန်ပါးလျလျကဖြာနေသောနေရောင်
လင်းမှိန်မှိန်အောင်ဖျော့တော့တော့နှင့်။

 Sasaeng Onde histórias criam vida. Descubra agora