Breaking News

2.7K 297 7
                                    

ဒီနေ့ရက်တွေကYukiအတွက်ပုံမှန်ပါပဲ။သူတို့
တစ်ဖွဲ့လုံးKoreaပြန်သွားသလို Rioကိုလည်း
မတွေ့တော့။ကောင်းတယ်လေ။Yukiရဲ့ပုံမှန်
နေ့ရက်တွေပြန်ရောက်လာတာပေါ့။ခါတိုင်းလို
ကျောင်းသွားတယ်။အချိန်ပိုင်းအလုပ်ပြေးလုပ်
တယ်။ဖေဖေပြန်မလာခင်အိမ်ပြန်ပြီးဖေဖေအ
တွက်ညစာချက်ပြုတ်ပေးတယ်။နေ့ရက်တွေကရိုး
ရှင်းလွန်း၍လားမသိသူ့ကိုခဏခဏသတိရနေမိ
တယ်။ထူးဆန်းတယ်နော်အရင်Social Mediaတွေမသုံးတတ်တဲ့ Yukiက သူငယ်
ချင်းဆီက EXO APPLICATIONဆိုတာ
လေးကိုshareယူခဲ့တယ်လေ။Yukiသူငယ်
ချင်းနှစ်ယောက်ကKpopကိုစိတ်ဝင်တစားရှိ
တယ်။Yukiကတော့Japaneseကိုပဲကြိုးစား
ပမ်းစားသင်ယူနေခဲ့ရလို့လားမသိKoreaနဲ့
အလှမ်းဝေးသည်။သို့ပေမယ့်၂၁ရာစုကအထက်
တန်းကျောင်းသူတစ်ယောက်အနေနဲ့ သူတို့ကို
မသိဘူးဆိုတာတော့ဘယ်ဟုတ်ပါ့မလဲ?
သူ့ကို Yukiနည်းနည်းတော့သဘောကျမိတယ်။
ဒါ ပထမဆုံးအဖြစ်သက်ရှိယောကျာ်းတစ်ယောက်
ကိုYukiစိတ်ဝင်စားခြင်းပါ။ပုံပြင်တွေနှင့်ဝတ္ထုတို
တွေကိုစွဲလမ်းသူYukiရဲ့ စိတ်ကူးယဉ်မင်းသား
တွေအကုန်လုံးက သက်မဲ့ဇာတ်ကောင်တွေလေ
ခုတော့EXOရဲ့စောင့်ရှောက်သူဆိုတဲ့ Kim
Joon Myeonကို Yukiရဲ့ပထမဆုံးစိတ်ဝင်
စားမိသောသက်ရှိအမျိုးသားတစ်ယောက်ဖြစ်လာ
ခဲ့တယ်။သူ့ရဲ့ကြင်နာဟန်ပြည့်နေသောမျက်ဝန်းတွေ။ဟိတ်ဟန်ကင်းကင်းနှင့်အရှိကိုအရှိတိုင်းနေထိုင်
နေတတ်တဲ့သူ့ပုံစံတွေ။နောက်ချစ်စရာရယ်မောပုံတွေနဲ့ခုYangonက
လူတွေပြောသလို ပလတ်ကျွတ်နေပုံလေးတွေ။Yukiတကယ်သဘောကျတယ်။စိတ်ထဲအမြဲရှိနေရင်းမှနောက်တစ်ခါမဆုံတွေ့ချင်
တော့သောသူဆိုတာကလည်းYukiထက်၆နှစ်
ကြီးသော
Kim Joon Myeonဆိုတဲ့ထိုအမျိုးသားပါပဲ။
-
-
-
-
-
မနက်ပိုင်းကျောင်းကားပေါ် ဖေဖေနဲ့အတူနား
ထောင်ဖြစ်နေကျ စံလင်းနဲ့မီမီဝင်းဖေတို့၏
""နေမင်းစကားသံ""စီးရီးခွေတစ်ခွေလုံးက
ိုRepeatလုပ်ကာခပ်တိုးတိုးလိုက်ညည်းမိနေစဉ်
ဘေးမှ Kumoကလက်ကုတ်ကာ
သူ့ဖုန်းပေါ်မှ သတင်းတစ်ပုဒ်ကိုအလန့်တကြား
ပြလာခဲ့သည်။

""Yukiကြည့်စမ်း""

ဘုရားရေ။သူ--သူ။Fansignထိုးပေးနေသော
ခုံပေါ်တွင်လက်ခုံပေါ်တွင်အဝတ်ဖြူတစ်ထည်အုပ်
ကာနာနာကျင်ကျင်ခံစားမှုတွေအထင်းသားဖြစ်
ပေါ်နေသောသူ့အားManagerဖြစ်ဟန်တူသူ
ကြီးတစ်ယောက်က ဆွဲခေါ်နေပုံ။

 Sasaeng Место, где живут истории. Откройте их для себя