나가

2K 271 15
                                        

တုန်ယင်နေသော ခြေလှမ်းတို့ဖြင့် ရေချိုးခန်းထဲ
ပြေးဝင်မိသည်။ရေချိုးခန်းထဲတော့ ဝင်မလာဘူး
ရယ်လေ။သူတို့ ဖုန်းကျန်ခဲ့လို လာယူတာပဲ…

တံခါးဖွင့်သံနောက် ခြေသံရှုပ်ရှုပ်…

"어디??"

သူ့အသံလေး။
မကြာ "Baby Don't Cry"
သီချင်းသံက ပြန့်လွင့်လာသည်။
ရှာတွေ့သွားပြီပေါ့။အသက်ရှုသံကိုပင်ကြားသွား
မည်ဆိုးသောကြောင့် ပါးစပ်အားလက်ဝါးတို့ဖြင့်
တင်းတင်းအုပ်ထားရသည်။
လှိုက်ခုန်နေသော ရင်ခုန်သံတွေနဲ့အပြိုင် ဒူးတွေ
သည်လည်းတဆက်ဆက်နဲ့။
ဘဝမှာ သူများပစ္စည်းအပ်တိုတစ်ခုပင် မယူခဲ့ဖူး
၍လားမသိ ခုသူများ အခန်းထဲခိုးဝင်ခြင်းကပင်
တော်တော်သွေးပျက်တုန်လှုပ်စေသည်။

မြန်မြန်ထွက်သွားကြပါတော့…သူတို့ထွက်သွား
သည်နှင့် ယု လည်းထွက်မည်။မလုပ်ချင်တော့ဘူး
ယုကို သေအောင်ကြိုက်လည်း ခံလိုက်တော့မည်။
ခန္ဓာကိုယ်ကအနာဆိုတာ မကြာခင်ပျောက်မှာ
ယုလုပ်လိုက်ရင် သူတစ်သက်တာ နာကျဉ်သွား
ရမှာ။

ပြန်ထွက်ခါနီး တံခါးဖွင့်သံနောက် Sehunစကား
သံ။ဘာပြောမှန်း နားမလည်ခင် အခန်းထဲပြန်ဝင်
လာသော ခြေသံ။

Bathroomရှိရာကို တည့်တည့်ဦးတည်လာ
သော အသံ။

ဘုရားတလို့မသုံးခင် Bathroomတံခါးပွင့်
သွားတော့၏။

"Oh My God!!!Hyung!!"

Sehun၏ အော်သံသည် Hotelခန်းထဲဟိန်း
ထွက်သွားသည်။

စိုးရိမ်တကြီးမျက်နှာနှင့် အံ့သြလွန်း၍ကြောင်
အမ်းကြည့်လာသော Yixing ပုခုံးအား တွန်း
ဖယ်လာသူ။

ချက်ချင်းမို့လားမသိ။သူ့ဖန်မျက်လုံးတို့ ဝိုင်း
စက်သွားသည်။

"Sasaeng!"

Sehun၏ နှုတ်ထွက်စကားသည် သတ်မိန့်ပေး
နေသလား??

"아…아니"

ခြေခါခါလက်ခါခါငြင်းဆန်နေသော ယုအား ငုံ့
ကြည့်နေသော အမျိုးသားသုံးယောက်။

သူ့ကို မော့ကြည့်မိသည်။သူက ယု ကိုကြည့်မနေ
ပါဘူး။ယုလက်ထဲမှ hidden cameraအ
သေးလေးကိုသာ စူးစိုက်ကြည့်နေတော့၏။
မှုန်တွေတွေမျက်ဝန်းတွေနဲ့ တွန့်ခေါက်ချိုးနေ
သော သူ့မျက်ခုံးတစ်စုံ။

 Sasaeng Donde viven las historias. Descúbrelo ahora