Ending Part (1)

2.5K 299 16
                                        

စတင်ဝေးကွာနေပြီဖြစ်သော မြေပြင်။ နှင်းလွှာ
ထု၏ အရောင်လွှမ်းထားသော ဤမြေ။ နာကျင်
စရာတွေ များလွန်းလှစွာသော ထိုဌာန။
နောက်ဆုံးတော့ စွန့်ခွာခွင့်ရခဲ့ပြီ။ တဆက်ဆက်
နာကျင်နေသော နှလုံးသားအား ဤနေရာတွင်
မမြှုပ်နှံခဲ့…ရင်နာစရာကောင်းလှစွာ ယု ချစ်ဦးသူ
သည် တပြည်သားဖြစ်နေခဲ့သောကြောင့်။
နယ်နိမိတ်ချင်းနီးစပ်သော နယ်မြေတွင်သူနေ
ထိုင် ကျန်ရစ်ခဲ့သည်။ မျက်လုံးတို့ မှိတ်ချလိုက်
သည်နှင့် ဝေ့သီသီအရည်ကြည်တို့သည် စိမ့်ထွက်လာကြ၏။ ခုထိမျက်ရည်မကုန်နိုင်သေး
ပါလား??

နဘေးမှ ဖခင်ဖြစ်သူ၏ သက်ပြင်းချသံသဲ့သဲ့ကို
ကြားရသည်။ Gobal Idolတစ်ယောက်၏
ချစ်ခင်မှုကိုရ ရှိထားဆဲ အရွယ်မရောက်
်သေးသောသမီးတစ်ယောက်ကို ဖခင်၏ ပူပန်မှု။

ပြီးခဲ့သော ရက်ပိုင်းအချို့တွင် ကိစ္စများမြောင်
တို့သည် ကံကြမ္မာရဟက်ကို အပတ်ပတ်လည်
အောင် လှည့်သည်။
တစ်ခါမှ စိတ်ပင်မကူးမိဖူးသော SM Ent ကို
လည်း ရောက်ခဲ့ရသည်။ Managerအဆင့်
ထက် ကျော်လွန်သော သူတို့၏ ပဲ့ကိုင်ရှင်ကို
် လည်း တွေ့ခဲ့ရသည်။
အိမ်၏ သားအဖိုးတန်သားဖြစ်သလို သူတို့အဖွဲ့
၏ စောင့်ရှောက်သူဟု အများလက်ခံယုံကြည်
သော သူ့အား ပြန်လည်စောင့်ရှောက်ကြသည်။
တပြည်သူကလေးမ တစ်ယောက်ကို ချစ်မြတ်နိုးမည့် သူ မဟုတ်မှန်းကာကွယ်ပြောဆို
်ကြ၏။ ဒီအတိုင်း သူ့Fanကလေးမတစ်ယောက်
ကို ကာကွယ်လိုက်သည်ဟူ၍သာ သတင်းလွှင့်
သည်။ သူ၏ ဝန်ခံစကားအားလည်း မထင်မရှား
ဘာသာစကားတစ်ခုအဖြစ် သတ်မှတ်ခြင်းအား
ရင်နာသည်။

ရှေးအရင်တည်းက SNSတွေ မသုံးတတ်သူ
မို့ထင် သူ့သတင်းကို လွယ်လွယ်ဖုံးကာဖိကြ
သည်။

"ယု မြန်မာပြည်ပြန်တော့မယ်"

"မ…ပြ့ ဘာ န"

ဝိုင်းစက်စက် မျက်လုံးတို့နှင့် အထိတ်အလန့်
တားဆီးသူ ရင်ခွင်ထဲ ခေါင်းအပ်ကာ ရှိုက်ငိုမိ
သည်။

"ကို နဲ နေ ဘာ"

သူသည် ယု အပေါ် ဘယ်လောက်ထိ အလေး
ထားကြောင်း တစ်လုံးချင်းပြောနေသော သူ့
ကြိုးစားမှုတွေက သတ်သေ။ သို့သော်လည်း
သူဟာ ယု နဲ့ မဆိုင်။ ယု မပိုင်ထိုက်သူ။

 Sasaeng Where stories live. Discover now