Ryuhozanတောင်ပေါ်တွင် တုံးမောင်းခေါက်
သံခပ်တိုးတိုး၊လေတိုးသံတရှရှကြားမှ တိုးထွက်
လာတတ်သော ခေါင်းလောင်းတို့ပွတ်တိုက်သံ
တချွင်ချွင်နဲ့ ဆိတ်ငြိမ်လှသည်။စိမ်းစိုနေသော
ဥယျာဉ်တွင်းမြက်ခင်းပြင်ပေါ် ဖိနပ်ချွတ်ကာ ဖြည်း
ဖြည်းချင်းလမ်းလျှောက်ဖြစ်ကြသည်။တနွဲ့နွဲ့
တိုက်ခတ်နေသောလေနုလေးကို အေးချမ်းစွာခံ
စားနေသော သူ့မျက်နှာချောချောသည် အစဉ်သဖြင့် ငြိမ်းချမ်းနေသူပမာ။အမှန်တော့
သူ မငြိမ်းချမ်းခဲ့တာ~~သူဒေါသထွက်ခဲ့ဖူးတာ~~
သူထိတ်လန့်တကြားဖြစ်ခဲ့ဖူးတာ~~~သူရှက်ရွံ့
စိုးရွံ့ခဲ့တာတွေကို ယု မြင်တွေ့ခဲ့ဖူးသည်ပဲလေ။
ယခုတော့သူသည် ငေးမဝအောင်အေးချမ်းလှ
သည်။ကြည်လင်နေသော သူ့အသားရောင်သည်
နေရောင်နွေးနွေးကြား ကိုယ်ပိုင်ရောင်စဉ်ဖြာကျ
နေသကဲ့သို့ရှိ၏။""ဒီဘုန်းကြီးကျောင်းလေးအကြောင်းကိုသိရော
သိရဲ့လား ယုယ?""ဘုရားတမိသွားသည်အထိ ယု နာမည်အတိုအား
ပီပီပြင်ပြင်ခေါ်လိုက်သောသူ။ထိုခေါ်သံတွင်ပင်
ရင်းနှီးကျွမ်းဝင်ခြင်းတို့သည်လည်း ပေါ်လွင်လွန်း
မက သိသိသာသာရယ်ကိုပါဝင်နေတာယု သည် သူ့အားလိမ်ညာခြင်းအပေါ်ခါးသက်စွာ
ရွံ့နေသူပီပီ ရိုးသားမှုအောက်ခိုလှုံနေမိသည်
မှာ ဘုရားရိပ်တရားရိပ်ထဲသူနဲ့အတူယှဉ်တွဲနေမိ၍
ထင်ပါရဲ့။ယုခေါင်းခါပြတော့ ရယ်သံတိုးလျလျနဲ့ ယုရိုးသား
မှုကိုခရီးဦးကြိုပြုလေ၏။ရင်ထဲနွေးပြီး စိတ်ထဲအေးတယ်။""ကို Engလိုပြောပြမယ်ဆို မင်းအဆင်ပြေပါ့
မလား?""ခေါင်းတညိတ်ညိတ်လုပ်နေသော ကလေးမလေး။
စကားနည်းလိုက်တာ ဟူသော စကားစုကိုမိခင်ဘာသာစကားနဲ့ ထုတ်ငြီးမိသည်အထိကို တိတ်ဆိတ်
လွန်းလှတဲ့ကောင်မလေး။ထိုသို့သည်းမိတော့လည်း
ုပြူးတူးတူးလေးပြန်ကြည့်နေသေး၏။အသည်းယားစွာခေါင်းလေးကိုဖွပစ်ချင်သည်။""ဒီကျောင်းကို ဘုန်တော်ကြီး Soho Myocho(ဆိုးဟိုး မြော်ချော)က 1315လား
1319လား Sorry ကို ခုနှစ်သေချာမမှတ်မိ
တော့လို့--အဲ့ကာလလောက်မှာတွေ့ခဲ့တာ။ဒါနဲ့
စကားမစပ် ဘုန်းတော်ကြီးနာမည်က ကိုယ့်နာ
မည်နဲ့ဆင်တူတယ်မလား??""

STAI LEGGENDO
Sasaeng
Fanfiction(𝒁𝒂𝒘𝑮𝒚𝒊 & 𝑼𝒏𝒊𝒄𝒐𝒅𝒆)I don't like Sasaeng.But she comes to me as Sasaeng.She is my??? #Suho