"ဟင်"
အာမေဋိတ်သံပင် အပြည့်အဝထွက်မလာ…
ထမင်းဆုတ်တစ်ဆုတ် ငုံ့ကာလွှေးမည့်ဟန်ဆင်
ရာမှပြန်ကာ မော့ကြည့်လာသော သူသည် အစစ်မှန်မှဟုတ်ပါလေစ။ ညစဉ်မက်ခဲ့သော အိပ်မက်ထဲက အိပ်မက်များပေလေလားဖြူဖွေးနေသော သူ့လက်ချောင်းသွယ်သွယ်တွေ
ကြားမှ ဆီဝနေသောပုန်းရည်ကြည်အနှစ် တသွယ်တန်း။ ပတ္တမြားသွေးရောင် နှုတ်ခမ်းတွင်လည်း ဟိုတစ်စက်ဒီတစ်ကွက်နဲ့…"ဘိုက် ဆာ နေ တ…"
ပီပီသသမဟုတ်သော်လည်းနောက်ဆုံးတွေ့ခဲ့ချိန်
ကထက် သာလွန်ကောင်းမွန်နေသော နှုတ်ကမြွတ်ကြောင့် ခြေလှမ်းတို့က တုန်ယင်ချင်
နေပြီ။အဘွားနဲ့မေမေသည်လည်း သူ့နံဘေးတစ်ချက်
ကျုံကျုံထိုင်ရင်း အညာရိုးရာ ပုန်းရည်ကြည်ကို
ထမင်းများနဲ့ နယ်လျက်အားပါးတရစားပြနေသော
သူ့အား ယက်ခတ်ပေး။ ထပ်ထည့်မလား မေးရင်း မြန်မာ့ဧည့်ဝတ်ကျေနေကြသည်။ပဲခေါက်ဆွဲနဲ့ ကြီးပြင်းခဲ့သူ ဂျိုဆွန်းပြည်သားသည်
အသွေးတူမို့ ပုန်းရည်ကြည်ကိုလည်း တကယ်ပဲ
ကြိုက်နှစ်သက်နေသည်လား??လရောင်မလင်းပါဘူး။ အိမ်ဝရန်ဒါအား ဖြန့်ကျက်
အလင်းဆောင်နေသော အောက်လင်းဓာတ်မီး
ရောင်အောက် သူ့ အသားသည်သည် နွားနို့ထဲ
LEDအလှဆင်ထားသလို လင်းထင်းနေ၏။
ခုထိ ယု မယုံနိုင်သေး။ နတ်သက်ကြွေနတ်သား
တစ်ပါး ကိုယ်ယောင်ပြလျက် ယုအား နောက်ပြောင်နေသည်လားလေ"အ နံ့ ရိ နေ တယ်"
လက်ဖမိုးကို တစ်ချက်နမ်းရှုတ်ရင်းပြောတော့
ရှုပ်ထွေးမှုတွေကြားမှ ယု ရယ်မောဖြစ်သည်။"ဒါဆို ဘာလို့စားလဲ?မြန်မာစားစရာ တော်တော်
များများက အဲ့လိုပဲ အနံ့စွဲတတ်တယ်"အရယ်တစ်ဝက်နဲ့ပြောသော ယု အား ငေးကာ
ကြည့်သည်။ နောက် အချိန်ယူကာ အဓိပ္ပါယ်
အား တွေးဆ၏။ မျက်မှောင်နှစ်ခု ခပ်ပြေပြေတွန့်
ချိုးနေပုံကပင် ဆွဲဆောင်အားကြီးလွန်းနေသည်မို့
ခိုးငေးနေရသည့်အဖြစ်အား ရှက်သွေးကြွစွာ
ရင်ဖိုသည်။

YOU ARE READING
Sasaeng
Fanfiction(𝒁𝒂𝒘𝑮𝒚𝒊 & 𝑼𝒏𝒊𝒄𝒐𝒅𝒆)I don't like Sasaeng.But she comes to me as Sasaeng.She is my??? #Suho