Trusts

2.4K 277 8
                                    

""လာ လိုက်​ခဲ့ ""

ကျောင်းကန်​တင်းထဲ ကိုယ့်​ကိုယ်​တာဗန်း​လေး
ကိုင်​ပြီးထမင်းထိုင်​စားဖို့ပြင်​ရုံ​လေးရှိ​သေး Riao
၏​နောက်​ပါး​တော်​မြဲ၂​ယောက်​က ဂုတ်​က​နေဆွဲ
ကာ အခန်းတွင်းမှ​ခေါ်ထုတ်​သည်​။အတန်းလွှတ်
ပြီးစချိန်​မို့ ကန်​တင်းကရှင်း​နေသည်​။ရှိသည့်​လူ
အနည်းငယ်​သည်​လည်း အ​ကောင်​ကြီးကြီး
အမြီးရှည်​ရှည်​ပုံနှင့်​ မိန်းမဂိုဏ်းစကား၂​ယောက်
လက်​ထဲမှ ယု အားဘယ်​သူမှလူစွမ်း​ကောင်းလုပ်
ကာမကယ်​တင်​။လွယ်​အိတ်​ပင်​မပါပဲ​ကျောင်းကား
ရပ်​နားရာ​နေရာထိ​ရောက်​လာသည်​။Venကား
အမြဲကြီးထဲအတင်းထိုးသိပ်​ထည့်​လိုက်​​တော့ အသင့်​​စောင့်​စား​နေ​သော Riaoက

""မ​တွေ့ရတာကြာ​နေပြီ""ဟူ​သောစကားကို
မဲ့ပြုံးတစ်​ချက်​နဲ့ပြုံးရင်း တပ်​ထား​သော​နေကာ
မျက်​မှန်​မည်းကြီးကိုချွတ်​လျက်​ ယု ကိုစိုက်​ကြည့်
လာ​တော့...ကြက်​သီး​တွေထလာမိသည်​။
ဟိုတစ်​ခါသူနဲ့နယ်​မြို့​လေး​တွေကို​လျှောက်​လည်​ဖြစ်​ခဲ့တာကို သိများသိသွားလားဆိုသည့်​စိုးရိမ်
စိတ်​နဲ့ တံ​တွေးပင်​မျိုမချရဲ။

""ခု ငါတို့Koreaသွားမလို့လိုက်​ခဲ့မယ်​မလား?"'

""ဟင်​!""

""သူ့ကို​တွေ့ချင်​လာတယ်​။သူအခုတ​လော နည်း
နည်း​ထူးဆန်း​နေလို့။တစ်​မျိုးပဲ....
ရည်းစားများရှိ​နေလားမသိ""

နောက်​ဆုံးစကားသည်​ မာထန်​​နေသည်​။မျက်​လုံး
ထဲတွင်​လည်း မလိုလားမှုကြီးမား​ကြောင်းပြ​နေ
သော ​ဒေါသအရိပ်​​တွေ။

""သူတို့ WORLD TOURလည်းနီး​နေ​တော့
ငါ့မျက်​နှာ​လေးနည်း​နည်းသွားပြချင်​တယ်​။သူ
ရှုပ်​ရှုပ်​ယှက်​ယှက်​​တွေမလုပ်​ရဲ​အောင်​။""

Concertလာဖို့ဖိတ်​​ခေါ်ခဲ့သူကိုလွမ်းလာမိသည်
မ​နှောင့်​ယှက်​ကြပါနဲ့လား​လေ။သူလို ခပ်​​အေး​အေး
နေတတ်​သူကို ဘာလို့များ​နှောင့်​ယှက်​ချင်​ရတာ
လဲ​လေ။သူ့Fanဖြစ်​ပြီး သူ့​အေးချမ်းမှုကိုဘာလို့
များစီးကူးမခံယူရတာလဲ?

 Sasaeng Onde histórias criam vida. Descubra agora