You & I

2.8K 316 7
                                    

အလောတကြီးပုံစံနှင့်ကျတော့်ရှေ့ရောက်လာ
သောကားဖြူတစ်စီး။
Sehunပြေးဆင်းလာကာ

""Hyung!!တောင်ပေါ်မှာပဲနေပါဆိုဘာလို့
အောက်ဆင်းလာတာလဲ""

ငယ်ဆုံးကပင်စိုးရိမ်ပူပန်ရအောင်ကျတော်လုပ်မိ
နေပြီထင်ပါရဲ့။EXO၏ကာကွယ်စောင့်ရှောက်သူ
လို့ကိုယ့်ကိုကိုယ်သတ်မှတ်ခဲ့တာ။ခုတော့မစောင့်
ရှောက်နိုင်သည့်အပြင်ကလေးကပင်ကိုယ့်ကိုပြန်
ပူပန်နေရတဲ့အဖြစ်။

""လာပြန်ရအောင်""

""Sehunလာတဲ့လမ်းမှာ Maskအုပ်ထားတဲ့
ကောင်မလေးတစ်ယောက်ကိုတွေ့မိလား""

""ဟင့်အင်းမတွေ့ဘူး။Boarr!Maskအုပ်ထား
တယ်။Sasaengလား?Hyungနဲ့တွေ့သွားတာ
လား?""

Manager hyungသည်လည်းကားမောင်း
နေရင်းမှစိုးရိမ်တကြီးလှမ်းကြည့်သည်။
ကျတော့်ဆီမှ အဖြေမရသေးခင်ခုချိန်ထိလက်ထဲ
ရှိနေသေးသောပိတ်ဖိနပ်ပါးလေးကSehunကို
မေးခွန်းဖြစ်ဒြပ်ထုအဖြစ်တာန်ယူသွားပြန်၏

""Hyung!!ဒါဘယ်သူ့ဖိနပ်လဲ?""

""အင်--စောနကထွက်ပြေးသွားတဲ့ကောင်မလေး
ဖိနပ်""

အိပ်မက်ယောင်နေသူတစ်ယောက်ပမာဝေဝေဝါးဝါးအဖြေပေးနေသောကျတော့်အားSehun
ထပ်မမေးတော့တာပဲကျေးဇူးတင်ရမယ်

""Koreaကိုသာအမြန်ပြန်ကြရအောင်Hyung
ရယ်""

သက်ပြင်းခပ်ဖွဖွချနေရင်းမှ ကျတော်တို့ကားနား
ကဖြတ်သွားသောHighway Expressကား
နီနီကြီးကိုဘာရယ်မဟုတ်မော့ကြည့်မိစဉ် လှုပ်ခတ်သွားသောလိုက်ကာစကြားမှ ရိတ်ခနဲမြင်
လိုက်ရသော မျက်ရည်ပြည့်မျက်ဝန်းတစ်စုံ။
ထိတ်ခနဲဖြစ်သွားသောသွေးခုန်နှုန်း။ကားရပ်ခိုင်း
ချင်ပါသော်ငှားပုံမှန်အမြန်နှုန်းအောက်သွားနေ
သောကားကြီးအားကျတော်တို့ကားကနောက်ပါး
ဖြတ်ချန်ထားရစ်ခဲ့ပြီလေ။ကားကိုဖြတ်ကျော်တက်
ခဲ့တယ်လို့မခံစားရပဲတစ်စုံတစ်ယောက်ကိုချန်ထားရစ်ခဲ့တယ်ဆိုတဲ့အသိတရားက အဘယ်
သော်ကြောင့်စိတ်၏ခံစားမှုအသိတရားထဲဝင်ခို
အောင်းနေရပါသနည်း။
-
-
-
-
ကံကောင်းတယ်လို့ပြောရမည်။ကားဂိတ်ရောက်
ရောက်ချင်းကားကလည်းရောက်လာလို့။
ဖိနပ်မပါ။နှင်းရည်စိုအဝတ်အစားများနှင့် ပေါက်ပြဲ
ကာသွေးစို့နေသော ခြေထောက်။နောက်ပြီးMaskအောက်မှ တရွှီးရွှီးဖြစ်နေ
သောအသက်ရှုသံတွေကြောင့်ကားပေါ်ရှိလူများကသူတို့နားကပ်ထိုင်မှာစိုးရိမ်နေကြပုံပင်။Yuki
သိပါတယ်။မလိုလားခြင်းဆိုသည့် အငွေ့အသက်
တွေကိုYukiရင်းနှီးကျွမ်းဝင်ပြီးသားပါ။ကားနောက်ဆုံးကခုံရှိရာသို့သာဖြေးဖြေးချင်းသွား
ကာခပ်ကုတ်ကုတ်လေးသာထိုင်လိုက်လာရတော့
သည်။လူတွေရဲ့စူးစမ်းခြင်းတရားYukiအပေါ်မှ
ခပ်မြန်မြန်သာဖယ်ခွာသွားပါစေတော့အရှင်ဘုရား
ကံကြမ္မာသည်လည်းယိုးမယ်ဖွဲ့ချင်နေပုံပင်။နောက်တစ်ကြိမ်ပြန်မဆုံမိတော့ရန် တစ်ညလုံးဆု
တောင်းနေကာမှ မနက်ခင်းနေရောင်နှင့်အတူ
ရောက်ရှိလာသူ။ဆုတောင်းပြည့်မည့်အစားသူ့အ
တွက်ပို့သပေးလိုက်သောမေတ္တာတရားကပဲစူး
ရောက်သွားသည်လားပင်။
စိုးရိမ်နေခဲ့သလိုပါပဲ။သူ့
စိုးရိမ်ခြင်းရှုပ်ထွေးမှုဗျာပါဒတစ်သိုက်ကမျက်နှာ
တွင်ခြေရှုပ်လျက်သူ့အားနွမ်းလျလျသရုပ်ကို အသုံးတော်ခံခိုင်းထားလေရဲ့။တောင်းပန်ပါတယ်
ပြီးတော့စိတ်ချပါ။ရှင့်အရှက်တရားကို ကျမအသွေးအသားတွေနဲ့ကာကွယ်ပေးထားမှာပါ
နောက်ပြီးကျမဖေဖေရဲ့သိက္ခာတရားကိုပါ အပိုအဖြစ်ထပ်ဆောင်းလဲထပ်ထားရပေမယ့် ကျမ
အဆုံးထိကာကွယ်ပေးသွားမှာ။ဖေဖေဘဏ်
စာအုပ်ထဲဝင်နေတဲ့100Millionsကအချိန်မ
ရွေးCompnayရဲ့ရန်ပုံငွေအလွှဲသုံးစားငွေကြေး
ဆိုသည့်ခေါင်းစဉ်အောက်ရောက်သွားနိုင်မည့်
အခြေအနေမှာတောင် သူ့Imageကိုပါထည့်စဉ်း
စားပေးမိသည့်အထိသူ့ကိုYukiရင်းနှီးသွားခဲ့တာ
လား?
။အဲ့နေ့ကသူ့ပုံမဟုတ်ပဲ
နံရံဖြူဖြူနှင့်သူလို့ပင်ပြော၍မရသောအလင်းပြန်
ပုံရိပ်တွေကသမာဒေဝနတ်ကောင်းနတ်မြတ်တို့၏မစမှုတွေအလားပင်။လိုချင်တာမရသည့်အပြင်
သူ့လက်ဖျံပေါ်မှသွားပေါက်ရာကြောင့်
Riaoနှင့်အပေါင်းအပါတစ်စုကဆွမ်းကြီးဝိုင်း
လောင်းကြလေရဲ့။ကျမတကယ်သိချင်တယ်အဲ့နေ့ကသာသူ့ဆီမှာအမိခံလိုက်ရင်ဘာတွေဖြစ်သွားနိုင်ပါသလဲ?ထိဲု့နေ့ညက သူ့အကြည့်တွေနှင့်
ဒီနေ့မနက်တောင်ဆင်းလမ်းတစ်လျှောက်ကသူ့
အကြည့်တွေက အကွာကြီးကွာလွန်းလှသည်။
တော်သင့်ပြီပေါ့နော်။သူနဲ့ထပ်မတွေ့ချင်
တော့ပါဘူး။Tokyo Uniကို Scholarနဲ့အခန့်
သားတက်နိုင်ဖို့အတွက်တစ်ခုတည်းနဲ့ သူ့နောက်
တကောက်ကောက်လိုက်ပြီးသူ့ရဲ့ရွံ့ကြောက်
ကြောက်အကြည့်တွေကိုမခံယူပါရစေနဲ့တော့။
ဒီရေစက်ဆိုးတို့ဒီဘဝဒီမျှနဲ့သာရပ်တန့်ပါစေလို၏

 Sasaeng Where stories live. Discover now