Sasaeng

2.2K 271 15
                                    

Housekeepingဝတ်စုံသည် သက်တောင့်
သက်သာရှိသော ပုံစံဒီဇိုင်းထုတ်ထားသောငှား
ယု ဝင်သက်ထွက်သက်က မမျှမတ။
နှဖူးပြင်ထက် ခိုသီးနေသော ချွေးစေးတို့သည်
သူတို့ နိုင်ငံ ဧပြီနွေလကြောင့်မဟုတ်။
သူတည်းခိုသော အခန်းရှေ့ရောက်ချိန်မူမမှန်သော
နှလုံးခုန်နှုန်းကြောင့် ဒူးတွေသည် တဆက်ဆက်နဲ့
သူတို့ တစ်ဖွဲ့လုံးကမ်းခြေဖက်သွားရင်း ဘူဆန်
ထွက် အစားအစာတွေ သွားစားကြသည်ဆိုတာ
ကို သိနှင့်နေပြီးသားဖြစ်ပေမယ့် သူ မရှိတဲ့အခန်း
ထဲ ဝင်ရန် တွန့်ဆုတ်နေခဲ့သည်။

""ရေချိုးခန်းထဲ တပ်ထားခဲ့။သူရေဘယ်လိုချိုးလဲ
ရေချိုးနေရင်း ဆိုတတ်တဲ့သီချင်းတွေက သူ့ခံစား
ချက်တွေဖြစ်နေနိုင်တယ်။ဘယ်လိုလဲ မင်းကော
မသိချင်ဘူးလား??""

ခပ်ပြုံးပြုံးမေးခဲ့သော မျက်နှာတစ်ခုကို အတွေး
ထဲမှ မောင်းထုတ်ကာ အခန်းတံခါးကိုဖြည်းညင်း
စွာဖွင့်ဝင်မိချိန် အိပ်ရာဖြူဖြူက ပြန့်ခင်းစွာဆီးကြို
သည်။
ပိုင်ရှင်မရှိသော အခန်းပေမယ့်တစ်ညတာ သူအိပ်
စက်ခဲ့တယ်ဆိုတဲ့ အသိစိတ်နဲ့ သူ့အိပ်ရာ သူအိပ်
ခဲ့တယ်ဟုထင်ရသော ခေါင်းအုံးအား ခပ်ဖွဖွပွတ်
သပ်ကြည့်ရင်း မျက်ရည်က ရည်ရွယ်ချက်ကြီး
စွာ ခုန်ဆင်းကျလာ၏။

""ယု တကယ် မလုပ်ချင်ပါဘူး…တကယ်ပါ""
-
-
-
""အာာ သေရော ဖုန်းမေ့ကျန်ခဲ့တယ်""

ကားထွက်ခါစ ကျတော့်အော်သံကြောင့် ကားမောင်းသူနေရာ ယူထားသော Chanyeol
က လှည့်ကြည့်ရင်း ရပ်ပေူရမလား ဆက်ပဲသွား
ရမလားဆိုပြီး ချီတုံချတုံပင် ဖြစ်သွားရတယ်
ကျတော့်ကိုဆို Mobile Bankလိုအားကိုးပုံရ
သော Kyung sooက

""ကတ်တော့ ပါတယ်မလား""ဟူ၍ သူအလိုရှိဆုံးပါရင် ပြီးရောဟူသော ပုံစံနဲ့ မေး၏

""မရဘူး ဖုန်းပါမှ…ommaဖုန်းဆက်လို့မရ
ရင် စိတ်ပူနေလိမ့်မယ်""

ထိုသို့ဆိုသည်နှင့် Baek နဲ့ Daeတို့၏
Main vocalistပီသစွာ

""Ma'ma Boy ""ဟူသော တိုင်ပင်နောက်
အားလုံးသည်လည်း လက်ခုပ်လက်ဝါးတီးကာ
ကာရန်အလိုက် ညီညာစွာပုံဖော်သီကျူးကြ၍
Venကားထဲ ရယ်သံသြရှရှတို့လှိုင်ကာတက်
တော့သည်။

 Sasaeng حيث تعيش القصص. اكتشف الآن