My Precious KoKo & Baek Boo

3.4K 350 33
                                    

Epi~~5

လှပနွေးထွေးလှတဲ့နေရောင်ခြည်အောက်မှာ မနက်ခင်းပန်းချီကားလေးတစ်ချပ်ကလည်း အသက်ဝင်ခဲ့ပြီ.........
Baekhyun သည်လည်းနေကောင်းသွားပြီမို့ သူရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ချစ်ရသူဆီ စာလွှာပါးရဦးမည်လေ သူ့ဆီမရောက်ဖြစ်တာ တစ်ပတ်တိတိကြာမြင့်ခဲ့သည်လေ ......

~~ဟိုတနေ့က Chanyeolရဲ့ Wallပေါ်မှာ သူ့ကို People magazine က Interview တာလေး Share ထားတာတွေ့လို့ဝင်ကြည့်မိတယ်လေ......
''တိရစ္ဆာန်လေးတွေချစ်တတ်လားတဲ့ " သူက Puppy လေးတွေဆိုတအားချစ်တာတဲ့ ဒါပေမယ့်သူကPuppy မွေးလို့မရဘူးတဲ့ အမွေးတွေနဲ့မတည့်တဲ့ Allergic ရှိတယ်တဲ့လေ အဲ့တော့ ကျွန်တော် Byun Baekhyun တို့ ချစ်ရသူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် အရုပ်ခွေးလေးတစ်ကောင်ဝယ်လာခဲ့တယ် ...... Puppy လေးကတကယ်အသက်ရှူသလိုဖြစ်နေတယ်လေ Battery လေးထည့်ထားတော့ !!သူဒီလက်ဆောင်ကိုကြိုက်လောက်မှာပါ ......

Baekhyun လည်း စက်ဘီးလေးစီးရင်းတွေးနေလိုက်မိသည်......

Chanyeol အိမ်နားရောက်တော့ စက်ဘီးရပ်လိုက်ပြီး
ခြံရှေ့ကိုလှမ်းကြည့်လိုက်တော့ Pajama လေးနဲ့ Chanyeol...
ခြံရှေ့ထွက်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေလေရဲ့
ကျွန်တော်လည်းသူမမြင်အောင် စက်ဘီးကိုရော လူပါ သစ်ပင်နောက်မှာပုန်းကွယ်လိုက်တယ် ......
ခဏကြာတော့ သူသက်ပြင်းတစ်လျက်ချလိုက်ပြီး ပုပ်သိုးနေတဲ့မျက်နှာနဲ့ အိမ်ထဲပြန်ဝင်သွားသည်လေ......

"သူ ဘာကိုအလိုမကျဖြစ်နေတာပါလိမ့် ငါ့စာကိုထွက်မျှော်တာလား ဟီးးး"
ကိုယ့်အတွေးနဲ့ကိုယ်မို့ ကြိတ်ပြုံးနေမိသည်။ထို့ကြောင့် Chanyeol သူ့အား မျှော်နေလားဆိုတာသိရအောင် စမ်းသပ်ပွဲလုပ်တော့မည် ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
Barkhyun လည်း လက်ဆောင်ထားမနေတော့ပဲ လှည့်ပြန်သွားသည်။

နောက်နေ့မနက် Baekhyun လာပြန်ချောင်းပြနိတော့ Chanyeol ထွက်မျှော်နေပြန်သည်လေ......

~~Hkhk ခင်ဗျားကြီး ကျွန်တော့်ကိုစိတ်ဝင်စားနေပါပြီ

ထိုညနေ Baekhyun Facebook လေးကိုဖွင့်လိုက်တော့ Park Chanyeol ဆိုတဲ့ Account လေးမှာ

"ကျေးဇူးပြုပြီးမလှည့်စားပါနဲ့ ......ငါမင်းစာတွေမျှော်နေခဲ့ရတာ တစ်ပတ်ကျော်နေပြီလေ ငါ့ကိုမလှည့်စားပါနဲ့ တောင်းပန်ပါတယ် မင်းရဲ့စာလေးကိုမဖတ်ရတော့ ရင်ထဲဟာတာတာကြီးခံစားရတယ် ငါဝန်ခံပါတယ် မင်းစာကိုဖတ်မိတဲ့အချိန်ဆိုငါ့နှုတ်ခမ်းကအလိုလိုတွန့်ကွေးပြီးပြုံးနေတတ်ခဲ့တယ်......ငါသေချာစဉ်းစားပြီးပြီ ငါမင်းကိုစိတ်ဝင်စားမိနေပြီဆိုတာပဲ ......ငါ့ကိုသနားရင်လေ ဒီ status ကိုမင်းမြင်ခဲ့ရင်လေ ငါ့ကိုပစ်မထားပါနဲ့ စာလေးတစ်စောင်လောက်လာပို့ပေးပါ မင်းရဲ့စာမှာ စာတိုလေးတစ်ကြောင်းလောက်ပဲဖြစ်ဖြစ်ပါရင်တောင် ငါကျေနပ်ပါတယ် မင်ကြောင့်ငါလည်းရူးတော့မယ် ကောင်လေးရယ် ..............."

My Precious KoKo & Baek BooWhere stories live. Discover now