My Precious KoKo & Baek Boo

3K 318 28
                                    

Epi~~7

ညက Baekhyun အပျော်လုံးတွေဆို့ကာ တော်တော်နှင့်အိပ်မပျော်။
မိုးလင်းတော့လည်း ညကအကြောင်းများကိုတွေးကာ ပြုံးဖြီးနေရသည်လေ......

Baekhyun သူ့ရဲ့Phလေးကိုကောက်ကိုင်လိုက်ပြီး "ကလေးရဲ့KoKo"လို့ မှတ်ထားတဲ့ Contact လေးကိုဖုန်းခေါ်လိုက်သည်။
အတန်ကြာမှဖုန်းလေးကဝင်သွားသည်။

"Hello ကိုကို Morning "

"သြော် ...အင်း အင်း ကလေး morning"
အိပ်ချင်မူးတူးအသံဖြင့် Chanyeol ပြောလိုက်သည်။
ဟုတ်သည်လေ ဒီအချိန်သူအိပ်ရာထနေကျမှမဟုတ်ပဲ ...
အခုမှမနက်၇နာရီတည်းရယ်......

"ဟာ ကိုကို အိပ်နေတာလား အိပ်ပုတ်ကြီးမနေနဲ့ BaekBaekကိုကျောင်းလိုက်ပို့ပေး "

"ဟာ ကလေးရာ ဒီနေ့တော့ ကိုယ့်ဘာကိုယ်သာသွားလိုက်ပါလား ကိုကိုညက ညဥ့်နက်မှအိပ်ရတယ် သီချငိးစာသားရှာနေလို့"

"ဘာ!!! အခုဘာပြောလိုက်တယ် ကိုကို !! ကိုကိုက BaekBaekကိုအလေးမထားတာလား မချစ်တော့တာလား BaekBaekဘက်ကကိုကို့ကိုအရင်စကြိုက်ခဲ့လို့ BaekBaekကို ဂရုမစိုက်တာလား သိလိုက်ပြီ ကိုကိုက BaekBaek ကိုအားနာလို့ပြန်ချစ်ခဲ့တယ်ဆိုတာ ဟင့် !!! "

ငိုသံလေးနှင့် စပြီးပြဿနာရှာလာသော Puppyကြောင့် Chanyeol အိပ်ရာမှအလူးအလဲထလိုက်သည်။

"ဟာ ကလေး ကလေး ကိုကိုကအဲ့သဘောမဟုတ်ပါဘူး BaekBaekကို ချစ်တာပေါ့ အရမ်းချစ်တာနော် ကဲ ကိုကိုအခုထပြီ BaekBaek ကိုကျောင်းလိုက်ပို့ပေးမယ် "

"Yayy ဒါမှ ကလေးရဲ့ကိုကိုကွ "

လိုချင်တာရသွားတော့ Baekhyun မျက်နှာပြုံးဖြီးလို့
တစ်ဖက်က Chanyeol မှာတော့ "ဒီကလေးဆိုးတော့ မနိုင်ဘူး"လို့သာ တွေးတောလိုက်မိသည်။

>>>>>>>>>>>>
Chanyeol လည်းမျက်နှာအမြန်သစ်၍ တွေ့ရာအင်္ကျိတစ်ထည်ကောက်ဆွဲကာ ကားသော့ဆွဲ၍ Baekhyun အိမ်သို့အမြန်ထွက်ခဲ့သည်......

တီ တီ တီ

ကားဟွန်းသံလေးကြောင့် Baekhyun လွယ်အိတ်လေးကိုကောက်လွယ်ကာ ခြံပြင်သို့အမြန်ပြေးထွက်လာခဲ့သည်။

"အားဂူး ကိုကိုက တကယ်လာကြိုတယ်ကွ ချစ်ဖို့ကောင်းထာ

Baekhyunကားထဲသို့မဝင်သေးပဲ ကားမောင်းနေသူ Chanyeol ရှိရာ ပြတင်းပေါက်နားမှ Chanyeol ပါးနှစ်ဖက်ကို ဖြစ်ညှစ်ကာ ပြောလိုက်သည်။

My Precious KoKo & Baek BooWhere stories live. Discover now