Epi~~13
"အား!!!BaekBaek ခေါင်းကိုက်တယ် ငိုလည်းငိုချင်တယ် ဟင့် T.T ဘာလို့လဲ BaekBaek ရင်ဘတ်ထဲကလည်းအောင့်တယ် T.T ငိုချလိုက်ပါရစေ"
Baekhyun Hotel ရှေ့နားမှာဆောင့်ကြာင့်လေးထိုင်ကာ တရှုံ့ရှုံ့ငိုကြွေးနေသည်။ထိုစဉ်
"ဟေး ကလေး ဘာလို့ငိုနေတာလဲ ထစမ်းပါဦး"
အသံညင်ညင်သာသာလေးတစ်ခုကြောင့် Baekhyun ခေါင်းမော့ကြည့်လိုက်တော့ သူ့ကိုအငြိမ်းချမ်းဆုံးအပြုံးတွေနဲ့ပြုံးကြည့်နေတဲ့ ကောင်လေးတစ်ယောက်"ဟိတ် ဘာလို့ငိုထားတာလဲ နှာခေါင်းထိပ်လေးတွေကလည်းနီရဲနေတာပဲ"
"ဟင့် မသိဘူး !! BaekBaek ငိုချင်တာပဲသိတယ် T.T"
"ဟုတ်ပါပြီကွာ ထစမ်းပါဦး အငိုသန်နေတဲ့ကလေးလေးရယ် !!"
"ကလေး?? ကလေးတဲ့လား "
"အငိးပေါ့ လာ အငိုတိတ်တော့ ဒါနဲ့ မငိးက ဒီ Hotel ကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ ပြီးတော့ဘာကြောင့်ငိုနေတာလဲ"
"……"
"အာ miyan ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ပြီးမှမေးသင့်တယ်ထင်တယ်နော် ကဲ ကိုယ်အရင်မိတ်ဆက်ပြီ ကိုယ့်နာမည်က Xiumin ပါ မင်းခေါ်ချင် ကိုယ်က FL Ent ကိုရာထူးဆက်ခံမယ့်သူတစ်ယောက်ပါ မငိးကရော"
"BaekBaek နာမည်က Byun Baekhyun လို့ပြောကြတာပဲ"
"ဟင် ကိုယ့်နာမည်ကိုတောင်မသိဘူးလား ကလေးရဲ့ ထားလိုက်ပါ ဒါတွေ !! ဒါနဲ့ဘာကြောင့်ဒီမှာငိုနေတာလဲ ဒီနေရာကိုဘာကိစ္စနဲ့ရောက်နေတာလဲ"
"ငိုနေတာက BaekBaek လည်းမသိဘူးရယ် ရင်ဘတ်ထဲကအောင့်ပြီးငိုချင်လာတယ် "
"အမ် ခင်ဗျားလေးကအထူးအဆန်းတွေပါလား ကဲဆိုစမ်းပါဦး ဘာကိစ္စနဲ့ဒီရောက်လာတာလဲ"
"ဟင် !!Kyung Soo Hyung Kyung Soo Hyung BaekBaek ကိုရှာနေလောက်ပြီထင်တယ် BaekBaek ကိုသူ့ဆီလိုက်ပို့ပေးပါ T.T"
Xiumin ပြောလိုက်မှ Baekhyun တစ်ယောက် Kyung Soo သူ့ကိုစောင့်ခိုင်းထားတာကိုသတိရသွားသည်။"ဟာ အဲ့မင်းပြောတဲ့ Kyung Soo ဆိုတဲ့တစ်ယောက်က ဘယ်မှာလဲ လိုက်ပို့ပေးမယ်လေ"
"BaekBaek မသိဘူး :'( သူ့ကိုမတွေ့ရင်အိမ်ပြန်လို့မရတော့ဘူးပေါ့ Eek Omma ရေ BaekBaek ကိုလာကယ်ပါဦးလို့"
Baekhyun အော်ငိုလေတော့ Xiumin တစ်ယောက်ဘာလုပ်ရမှန်းပင်မသိဖြစ်နေသည်။