My Precious KoKo & Baek Boo

2.8K 284 38
                                    

Epi~~18

❀ အချစ်​ ❀
အချစ်ဆိုတာ
ပိုချစ်ရသူတွေအတွက်
နာကျင်စေတဲ့လမ်းစတစ်ခုပဲမဟုတ်လား…

Baekhyun ဆေးရုံတက်တာ ယနေ့ဆိုလျှင် နှစ်ရက်မြောက်နေ့…
Baekhyun လည်းအတော်အတန်သက်သာနေပြီဖြစ်သလို Chanyeol လည်းဟိုနေ့ကတည်းကပျောက်သွားလိုက်တာ ယနေ့ထိသူမပေါ်ခဲ့…

့် ဘယ်သူသိမှာတဲ့လဲ??…
ထိုဆေးရုံခန်းအပြင်ဘက်မှာ မသိမသာ Baekhyun ကို ခိုးချောင်းကြည့်နေရတဲ့ကောင်လေးတစ်ယောက်အမြဲတမ်းရှိနေခဲ့တယ်ဆိုတာ……

"Hyunee ဆရာဝန်ကြီးကဆင်းချင်ဆင်းလို့ရပြီ Hyunee သက်သာနေပြီပဲမလား?"

"Nae Hyung ဖြစ်နိုင်ရင်ဒီနေ့ပဲဆင်းပြီး Soeul ကိုပြန်မယ် "

"ကောင်းပြီလေ ဒါဆို အခုHyung ပြင်ဆင်ထားလိုက်တော့မယ်နော်"

"Nae~"

Someone's Pov

ကိုယ် မင်းအနားရောက်မလာနိုင်တာ တောင်းပန်ပါတယ် ကလေးရယ်
ကိုယ့်ကိုမြင်ရင် ကလေးပိုစိတ်ဆင်းရဲပြီး ရောဂါပိုတိုးစေမှာကိုမလိုလားဘူး…
တောင်းပန်ပါတယ် ကိုယ် ကလေးကိုမျက်နှာချငိးဆိုင်ဖို့ သတ္တိမရှိခဲ့ဘူး……
ကိုယ့်ကလေးလေးအရာရာအဆင်ပြေပါစေ

>>>>>>>
Baekhyun Soeul ကိုပြန်ရောက်တော့ သူအတိတ်ကိုပြန်မှတ်မိတဲ့အကြောင်းကို Mrs Byun ရော သူ့သူငယ်ချင်းတွေကိုပါ အသိပေးလိုက်တော့ အကုန်လုံး ပြောပြမတတ်လောက်အောင်ဝမ်းသာကျေနပ်နေကြသည်လေ…

"BaekBaek သားလေး အဲ့ဒါဆို ကျောင်းပြန်တတ်မှာလား?"

"ဟင့်အင်း BaekBaek ကျောင်းဆက်မတတ်တော့ဘူး အခု BaekBaek Xiumin Hyung ကူညီပေးမှုနဲ့ အခွေတစ်ခါလောက်ထုတ်ကြည့်ချင်တယ် "

"အင်းပါ သား စိတ်သန်ရာကိုလုပ်ပါ…"

"ဟုတ် Omma !"

"သားသွားနားတော့လေ ပင်ပန်းလာတယ်မလား"

"Nae "

Baekhyun လည်းသူ့အခန်းလေးကိုဦးတည်လိုက်ပြီး ကုတင်ပေါ်လှဲချလိုက်သည်။
စိတ်ထဲလည်းတစ်ခုခုတင်းကြပ်နေသလို ခံစားနေရသည်။
မျက်လုံးကိုမှိတ်ထားတိုင်း အတွေးထဲ Chanyeol နဲ့ အတူရှိနေစဉ်ညကိုပြန်သတိရကာ ဒေါသတွေကထွက်လာရသည်။

My Precious KoKo & Baek BooWhere stories live. Discover now