My Precious KoKo & Baek Boo

2.5K 299 55
                                    

Epi~~21

တစ်ရက်

နှစ်ရက် စသဖြင့် ရက်ပေါင်း 7ရက်မြောက်မှာ ရက်သတ္တပတ်ဆိုတဲ့အချိန်ကိုရောက်ရှိလာပြန်ပြီ
ယနေ့ဆိုလျှင် ပဉ္စမမြောက်အပတ်
နှင်းဆီ 11ပွင့် နဲ့စာတစ်စောင်ကို တစ်ပတ်ပြည့်တိုင်း အမြဲမျှော်နေသူ ကောင်လေးတစ်ယောက်တော့ရှိခဲ့၏…

"သူ ဒီနေ့ရော ဘယ်ချိန်လာပေးမှာလဲ??"
ရင်ခုန်စွာနဲ့မျှော်လင့်စောင့်စားနေရသူ Byun Baekhyun …
တစ်ခါတစ်ခါ တနေရာရာကိုသူငေးမျှော်ကာ ထိုနှင်းဆီပန်းတွေရဲ့ပိုင်ရှင်ဟာဘယ်သူများလဲဆိုတာ အသံတိတ်စဉ်းစားမိလေရဲ့

"Park Chanyeol များလား??"
အတွေးစထဲ အတိတ်ကချစ်သူပုံရိပ်တို့က ထင်ဟပ်လာလေရဲ့

"မဖြစ်နိုငိပါဘူး သူပျောက်သွားတာ တော်တော်ကြာနေပြီ ဘယ်သူများလဲ နှင်းဆီတွေရဲ့ပိုင်ရှင်ရယ်……"

အတွေးတွေကိုလက်စသက်ကာ အပြင်သွားရန် ခြံထဲဆင်းပြီး သူ့ရဲ့ပြိုင်ကားအနီလေးနားကိုချဉ်းကပ်မိတော့ ကားရဲ့ ရှေ့အဖုံးမှာတင်ထားတဲ့ နှင်းဆီ 11 ပွင့် စာတစ်စောင်နဲ့ ကတ္တီပါဘူး

"သူဘယ်လိုများလာထားပြန်တာပါလိမ့်…!! "

ရင်ခုန်စွာနဲ့စာလေးကိုဖွင့်ဖတ်မိတော့
*To
       Baby Baekhyunee

ဒီနေ့ဆို ပဉ္စမမြောက်အပတ်ဖြစ်သွားခဲ့ပြီနော် အခုလောက်ဆို ကိုယ် မင်းရဲ့attentionကိုရလောက်ပြီထင်တယ် မင်းလက်ထဲမှာ ကတ္တီပါဘူးလေးကအခုဆို 5ခုမြောက်ရှိရောပေါ့ သေချာသိမ်းထားပါ ရှစ်ပတ်မြောက်တဲ့အခါကျ ဖွင့်ကြည့်ပြီး ကိုယ့်ဆီကိုလှမ်းလာဖို့ စောင့်မျှော်နေလျှက်ပါ…*

Baekhyun လည်း ဘာများဖြစ်မလဲဆိုတဲ့ သို့လော သို့လောမေးခွန်းတွေက ဦးနှောက်ထဲတသီတတန်း…
ရင်တွေခုန်နေမိကာ ထိုသူဟာဘယ်သူလဲဆိုတာသူသိချင်နေမိလေရဲ့…
ခဏကြာအတွေးစတချို့ဝင်လာပြန်ကာ စိတ်ရှုပ်ထွေးမိနေလေရဲ့

"hyung အပေါ်ငါတရားပါ့မလား??မမြင်ဖူးတဲ့သူစိမ်းတစ်ယောက်ကို ရင်ခုန်မိတာဟာ မဖြစ်သင့်ဘူး ဟုတ်တယ် Hyung အပေါ်ငါသစ္စာစောင့်ထိန်းရမယ် ကျေးဇူးပြုပြီး စိတ်မယိုင်ပါနဲ့ ငါ့နှလုံးသားလေးရယ်……"

My Precious KoKo & Baek BooWhere stories live. Discover now