Epi~~8
"ဟွန့် ကိုကိုစုတ် သူဂရုမစိုက်တာကို ဒီက စိတ်ဆိုးမို့ကို သူပဲပြန်စိတ်ဆိုးသွားတယ် လူဆိုးကြီး !! အင်းပေါ့လေ BaekBaek က အရမ်းချစ်ရတာကိုး ချော့ရမှာပေါ့ ဟွင့် "
Baekhyun တစ်ယောက်တည်းပြောလိုက်ရင်း ဖုန်းခေါ်လိုက်သည်။သို့သော် Chanyeol ဖုန်းမကိုင်။ မနေ့ညကတည်းက Ph ဆက်နေတာယနေ့မနက်အထိ သူမကိုင်ခဲ့။Baekhyun သည်လည်း တစ်ရေးမှမအိပ်ရသေး :3"
Baekhyun လည်း အနွေးထည်လေးကောက်စွပ်လိုက်ကာ Chanyeol အိမ်သို့ဦးတည်လိုက်သည်။
"BaekBaek သားလေး မနက်စာစားရအောင် "
"ဟာ Omma ပြန်လာမှစားတော့မယ် အပြင်ခဏသွားလိုက်ဦးမယ် "
Baekhyun စက်ဘီးလေးကိုအမြန်နင်းကာ ခြံထဲကထွက်ခွာသွားသည်။
Chanyeo အပေါ်အချစ်ကအဲ့လောက်ထိပင် လွှမ်းမိုးနိုင်လွန်းလေသည်။"ကိုကို !! ကိုကိုရေ "
ခြံရှေ့တွင်အသံတစာစာဖြင့် Baekhyun အော်ခေါ်နေမိသည်။Chanyeol ကြားနေရသော်လညိး Breakfast ဝိုင်းမှ လုံးဝထထွက်မလာ။မနေနိုင်သော အိမ်အကူဦးလေးကြီးမှ
"အစ်ကိုလေး တံခါးဖွင့်ပေးလိုက်ရမလား "
"နေ နေ မဖွင့်နဲ့ သူ့ကိုအပြစ်ပေးထားတာ!! ဘယ့်နှယ့်ဗျာ အဲ့ကလေးက ကျွန်တော့်ကို ကြံကြံဖန်ဖန် သေတော့မလိုလို လာစနေတာ ကျွန်တော့်မှာ အလုပ်တွေအကုန်ပစ်ပြီးသူ့ဆီပြေးလိုက်ရတာ သူက လူကိုအရူးလုပ်သွားတာ "
"သြော် ဟုတ်ကဲ့ ဒါဆိုလည်း မဖွင့်ပေးတော့ဘူးနော် "
Baekhyun ဇွဲရှိရှိနဲ့ခြံရှေ့လေးမှာစောင့်နေဆဲ……
Chanyeol လည်း မနက်စာစားပြီးသည်နှင့် Studio သွားရန် ခြံထဲသို့ထွက်လာခဲ့သည်။Chanyeol ကိုမြင်တော့ Baekhyun မျက်လုံးလေး အရောင်လက်လာခဲ့သည်။"ကိုကို BaekBaek တောင်းပန်ပါတယ်လို့ ဟင့် "
Chanyeol မကြားချင်ဟန်ဆောင်ကာ ပြိုင်ကားလေးပေါ်သို့တက်ကာ မောင်းနှင်သွားသည်။
Baekhyun လည်း စက်ဘီးကိုထားခဲ့ပြီး Taxi တစ်စီးကို အမြန်ငှားလိုက်ကာ Chanyeol နောက်သို့လိုက်သွားသည်။Studio ရှေ့ရောက်တော့ Chanyeol ကားလေးဟာ တုံ့ခနဲရပ်တန့်သွားလေသည်။ Chanyeol ကားပေါ်မှဆင်းလာတော့ Baekhyun လည်းအမြန်Chanyeol နောက်ပြေးလိုက်ပြီး အင်္ကျိစလေးကိုဆွဲထားပြီး ကလေးတစ်ယောက်သဖွယ် မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ကာ