My Precious KoKo & Baek Boo

2.8K 348 67
                                    

Epi~~15

လှပနွေးထွေးသော မနက်ခင်းအလင်းရောင်အောက်မှာ နေ့သစ်တစ်ခုဖြစ်ပေါ်ခဲ့ချေပြီ......
ယနေ့ Chanyeol နဲ့ Zhera တို့ရိုက်ကူးရေးစလုပ်မည့်နေ့ပင်။

"မင်းသား နဲ့မင်းသမီးအဆင်သင့်ဖြစ်ရင် ဘန်ဂလိုရှေ့ကသဲသောင်ပြငိကိုလာခဲ့ပါ"

ရိုက်ကွင်း Manager ရဲ့အသိပေးမှုစကားနောက်မှာ Chanyeol ကတော့သိပ်မပြင်ဆင်ရသည်မို့ ပေါ့ပေါ့ပါးပါးပင် ထွက်လာခဲ့သည်။Chanyeol ထွက်သွားပြီးသည်နှင့် Zhera သည်သူ၏အပေါင်းအပါများကိုခေါ်ကာ

"ဟဲ့နင်တို့ Xiumin Oppa နဲ့တူတူပါလာတဲ့ကောင်လေးကိုသိတယ်မလား??"

"အာ ဟိုကလေးလိုလိုဘာလိုလိုကောင်လေးမလား"

"အေး ဟုတ်တယ် ဒီနေ့သူရေဆင်းကစားလို့ရှိရင်သူ့ကိုကမ်းနဲ့ဝေးရာကိုချော့ခေါ်သွားပြီးရင်ပစ်ထားခဲ့လိုက် ကြားလား??"

"ဟင် သူက Yong ခေါ်တိုင်းလိုက်မှာတဲ့လား?"

"နင်ကလည်း သူကကျပ်မပြည့်ဘူး သိလား အာ့တော့နင်သူ့ကို ရေထဲကစားမယ်ဘာညာဆိုပြီးခေါ်သွားလိုက် OK?"

"Nae မမ"

Zhera မဲ့ပြုံးကိုပြုံးလိုက်ကာ ရိုက်ကွင်းရှိရာသဲသောင်ပြင်သို့သွားလိုက်သည်။

>>>>>>>>>>>

"Hyung BaekBaek ရေထဲဆင်းချင်တယ်"

"Hyunee Hyung ကဒီနေ့ရိုက်ကွင်းမှာရှိနေရမှာ Hyunee တစ်ယောက်တည်းစိတ်မချဘူး"

"ဟာ Hyungကလည်း BaekBaek ဝေးဝေးမသွားပါဘူး နော် နော်လို့"

"ကဲ ဟုတ်ပါပြီဗျာ Hyunee သာတစ်ခုခုဖြစ်သွားရင် Hyung ရင်ကျိုးရမှာနော်"

"BaekBaek ဘာမှမဖြစ်အောင်ကိုယ့်ကိုကိုယ်စောင့်ရှောက်ပါ့မယ်ဗျ"

"ဟုတ်ပါပြီ "
Baekhyun ကတော့သူလုပ်ချင်တာလုပ်ရတော့မည်မို့ အကျေနပ်ကြီးကျေနပ်နေသည်။

>>>>>>>>>>>>>CB<<<<<<<<<<<
Chanyeol နဲ့ Zhera တို့ ဇာတ်ဝင်ခန်းကိုသရုပ်ဆောင်နေကြစဉ် Xiumin သည်လည်း ရိုက်ကွင်းတစ်ခုလုံးကိုကြီးကြပ်နေရသည်လေ။Baekhyun ကတော့ဒူးလောက်ဘောင်းဘီတိုလေးဝတ်ကာ သူတို့ရိုက်ကွင်းကိုကျော်လွန်၍ ရေထဲသို့ဆင်းသွားသည်။Chanyeol ရေထဲဆင်းသွားသော Baekhyun အားမသိမသာလေးခိုးကြည့်လိုက်မိသေးသည်...

My Precious KoKo & Baek BooDonde viven las historias. Descúbrelo ahora