My Precious KoKo & Baek Boo

2.4K 276 34
                                    

Epi~~22

ချမ်းအေးနေသောခံစားမှု…
တဆစ်ဆစ်ကိုက်ခဲနေသော ဦးခေါင်း…
နာကျင်နေသော ခြေလက်တို့…

စသဖြင့် နာကျင်မှုပေါင်းစုံတို့က မဖိတ်ခေါ်ပဲနှင့် Chanyeol ဆီသို့အလည်ရောက်လာ၏
ဖျောက်ဖျက်မရတဲ့ ဆိုးဝါးလှသော နေ့ရက်မှာ သူမိုးရေထဲကြာကြာနေမိ၍ အအေးမိခြင်း……
ထိုနေ့ပြန်ရောက်ကတည်းက စိတ်ပျက်ကာ စိုရွှဲနေသော အဝတ်အစားများကို မလဲပဲ အိမ်ရှေ့ခန်းရှိ Sofa ပေါ်တွင်လှဲကာနေလိုက်သည်မှ ယနေ့မနက်အထိ။

"ဟင်း………!! Baek hyu .…nee"

အဖျားတက်၍ မေ့မြောလုဆဲ အချိန်ပင်ဖြစ်လင့်ကစား ချစ်ရသူ၏နာမည်အား မြတ်နိုးစွာ ရေရွတ်လိုက်မိသေး၏။

>>>

"Chanyeol !!  Chanyeol"
Sehunအိမ်ရှေ့မှ အော်ခေါ်နေပါသော်လည်းတံခါးမဖွင့်လာသောကြောင့်
တံခါးအားစမ်းတွန်းဖွင့်လိုက်မိ၏

ကျွီ!

"အမ် !တံခါးလည်း Lock သေချာမချထားဘူး Park Chanyeol ကတော့!!"

Sehun တံခါးဖွင့်ကာ အိမ်ထဲဝင်လာမိတော့
Sofa ပေါ်မှာလှဲကာ ညည်းနေသော Chanyeol အား မြင်လေသည်။ထို့ကြောင့်  သူ့နားအပြေးသွားကာ

"Chanyeol !! မင်းဘာဖြစ်နေတာလဲ နေမကောင်းဘူးလား??"

"Se…Sehunna "

"အင်း Chanyeol မင်းကိုယ်တွေပူနေတယ် ဒီပုံအတိုင်းဆိုသတိလစ်တော့မယ် !!မင်းအခန်းထဲငါလိုက်ပို့မယ် ပြီးရင် ဆရာဝန်ကိုခေါ်ရဦးမယ်ရယ် "

"Sehun …… Baek Baekhyun ကလေ ……"

"အင်း"

"သူ …တကယ် လက်ထပ်တော့မယ်… ငါ သူ့ကို ဆုံးရှုံးရတော့မှာ… ငါ့ရင်ထဲ ဗြောင်းဆန်အောင်ခံစားနေရတယ် …သိလား Sehun "

"ငါ ငါသိပါတယ်ကွာ အခု မင်းနေမကောင်းတာကိုအရင်ပျောက်အောင်ကုလိုက်ရလေနော် လောလောဆယ် အဲ့ဒါတွေစဉ်းစားမနေပါနဲ့ Chanyeolရာ "

Sehun Chanyeol ကိုဖြောင်းဖျကာ နှစ်သိမ့်ပေးနေမိ၏~
ဆရာဝန်လည်းခေါ်ကာ Chanyeol အတွက်အစစအရာရာ လိုက်စီစဉ်ပေးနေရသည်။

~~ကျေးဇူးပြုပြီး Baekhyun လက်မထပ်ဖြစ်ပါစေနဲ့လား…
Chanyeol ကိုခွင့်လွှတ်ပေးပြီး ပြန်လာခဲ့ပေးပါလား Barkhyun ရယ် …

My Precious KoKo & Baek BooWhere stories live. Discover now