My Precious KoKo & Baek Boo

3K 302 49
                                    

Epi~~23

"ဟင် မင်း ......မင်း!!!"

Baekhyun အံ့သြသွားကာ

"Sehun !! ဘာလို့ မင်း မင်းဖြစ်နေတာလဲ နှင်းဆီပန်းပိုင်ရှင်က ! ငါ ငါတကယ် မထင်ထားတာ ဘာရည်ရွယိချက်နဲ့လဲ?? မင်းမှာ Luhan ရှိရက်နဲ့ ဘာသဘောလဲ Sehunရာ "

"Baekhyun ခဏ !ကျွန်တော်ပြောတာနားထောင်ပေးပါဦး နှင်းဆီပန်းတွေပိုင်ရှင်ကဘယ်သူလဲဆိုတာသိချင်ရင် အေးဆေးနားထောင်ပေးပါ Baekhyun ssi"

"ကောင်းပြီ"

"နှင်းဆီပန်းတွေရဲ့ ပိုင်ရှင်က ကျွန်တော်မဟုတ်ဘူး မင်းအရမ်းမုန်း အရမ်းရွံနေတဲ့ Park Chanyeol လေ "
ဒီတခါ Baekhyun ပိုလို့ပင်အံ့သြသွားရပြန်သည်။

"ဘာ ဘယ်လို !! Sehun ငါ့ကိုမစပါနဲ့ Chanyeol ကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ ... သူက ဘယ်ရောက်လို့ရောက်နေမှနိးတောင်မသိတာကို !!"

"ကျွန်တော်သေချာရှင်းပြပေးမယ် လောလောဆယ်သူပေးတဲ့စာနဲ့ ကတ္တီပါဘူးတွေကိုဖွင့်ကြည့်လိုက်ပါဦး "

Baekhyun Sehun ကိုသူ့အိမ်သို့ခေါ်သွားကာ ဧည့်ခန်းမှာ Kyungsoo တို့အပါအဝင် သူတို့ 4 ယောက် ထိုင်နေကြ၏

Baekhyun စာက်ုအမြန်ဖွင့်လိုက်တော့

*To
My Precious Baekhyunee

မင်းရဲ့မင်္ဂလာပွဲအတွက် ကိုယ်ရင်နာစွာနဲ့ဂုဏ်ယူစကားဆိုပေးလိုက်ပါတယ် နောက်ဆုံးအနေနဲ့ တောင်းဆိုပါရစေ် ကိုယ်ပေးလိုက်တဲ့နှင်းဆီ 11 ပွင့်ထဲမှာမှ တစ်ပွင့်ကို ဒီနေ့မင်္ဂလာပွဲမှာ ရင်ထိုးလေးအဖြစ်ထိုးပေးပါလား အနည်းဆုံးတော့ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ နှင်းဆီတစ်ပွင့်က မင်းရဲ့အနီးကပ်ဆုံးနေရာမှာ ခဏတာ နေခွင့်တော့ရသွားတယ်လေ ^^ မင်းတို့နှစ်ယောက်အချစ်ခရီးလမ်းဖြောင့်ဖြူးပါစေ ~
ကိုယ့်ရဲ့လျှို့ဝှက်ထားတဲ့အရာတွေက်ုမင်းကိုဒီနေ့ပြောပြပေးပါ့မယ် ဒါပေမယ့် ကိုယ့်ရဲ့ပဟေဠိတွေကို မပြောခင် ကတ္တီပါဘူးကိုဖွင့်ကြည့်ပေးပါ ~ တစ်ခုတော့ကြိုပြောပါရစေ ကိုယ်အဲ့ဘူးကိုစပေးတုန်းက မျှော်လင့်ချက်ရောင်ခြည်တစွန်းတစလေးအတွက်ကြောင့်နှဲ့ပါ ဒါပေမယ့် အခုတော့ မျှော်လင့်ချက်ဆိုတာဟာ တိမ်မည်းအတိဖုံးလွှမ်းခံလိုက်ရပြီလေ ကဲပါ ထားပါတော့ ဖွင့်ကြည့်လိုက်ပါဦး~*

My Precious KoKo & Baek BooWhere stories live. Discover now