(Zawgyi)
တန်ခိုးရှင်တစ်ဦးကသာ ငါ့ရဲ့ဆန္ဒကိုဖြည့်စည်းပေးမယ်ဆိုရင်
ငါအလိုချင်ဆုံး ဆုက.............
ဖျတ်ခနဲဖွင့်ပိတ်လုပ်တတ်တဲ့ မျက်တောင်တွေရဲ့ လှုပ်ရှားမှုမှာဖြစ်ဖြစ်
တဒိတ်ဒိတ်မြည်နေတဲ့ငါ့နှလုံးသားရဲ့ ရင်ခုန်သံတိုင်းမှာဖြစ်ဖြစ်
အိပ်စက်ခြင်းရဲ့ ဟိုးအောက်က အိမ်မက်တွေထဲမှာဖြစ်ဖြစ်
"မင်းနဲ့စက္ကန့်ပိုင်းလေးပဲဖြစ်ဖြစ် ဆုံစည်းမှု"ကိုပါ ချစ်သူ.....။ကျွန်တော့်ရဲ့အသက်ထက် ချစ်ရတဲ့ချစ်သူ Jaejoong.... သူအခုဘယ်မှာများရောက်နေသလဲ...??? စိုးရိမ်စိတ်ကြောင့် တရက်မှကောင်းကောင်းမအိပ်စက်ရပေမယ့် ကျွန်တော်သူ့အတွက်လုပ်ပေးနိုင်တာ ဘာမှမရှိခဲ့... သူ့ကိုကိုယ်တိုင် သွားရောက်ရှာဖွေဖို့ကလဲ ကျွန်တော့်မှာအချိန်မရှိ....
ယိမ်းယိုင်နေပြီဖြစ်တဲ့ Appa ရဲ့ ကုမ္မဏီကို ပြန်လည်ထူထောင်ဖို့ ကျွန်တော်ကြိုးစားနေရသေးတယ်... ဒါပေမယ့် အတန်ငယ်ထူးဆန်းတာက Appa တုန်းက ဘာလုပ်လုပ် အဆင်မပြေသမျှ အခုကျတော့လဲ ပြန်အဆင်ပြေသွားပြန်ရော.. ရှယ်ယာရှင်တွေလဲ ပြန်ဝင်လာသလို ပိတ်နေတဲ့စီးပွားရေးလမ်းကြောင်းတွေလဲ ပြန်ပွင့်သွားပြီ...
ကျွန်တော်ကတော့အလုပ်ကို ကြိုးစားလုပ်နေတာကြောင့် Jae ကိုရှာဖို့ မပြောနဲ့ အိမ်ကလူတွေကိုတောင် ဂရုမစိုက်နိုင်ခဲ့... ကျွန်တော်ကကျောင်းလဲပြီးသေးတာမဟုတ်... အခုကျောင်းပိတ်ထားတုန်းမို့ တော်သေးတာ.. နောက်ပိုင်းဆိုပိုပြီး အလုပ်များတော့မှာလေ...
Changmin ကတော့ နေ့လည်တိုင်းကျွန်တော့်အတွက် ထမင်းဘူးလာပို့ပေးတတ်တယ်... သူ့ Omma ကလဲ နေ့စေ့လစေ့ဖြစ်နေတဲ့အပြင် ယောင်္ကျားဆုံးထားတော့ တော်တော်လေးစိတ်ထိခိုက်နေတာ... ကျွန်တော်သိပေမယ့်လဲ အားမပေးနိုင်အားသေး... ကျွန်တော်အလုပ်ကပြန်လာရင် Omma က အိပ်နေပြီလေ... တခါတလေ တွေ့ဖြစ်ရင်လဲ အလုပ်ရှုပ်နေတဲ့ကျွန်တော့်ကို နားလည်စွာဖြင့် Omma က ဘာစကားတခွန်းမှမပြောခဲ့...
ဒါပေမယ့်ကျွန်တော်တို့ မဖြစ်မနေ စကားပြောရမယ့်နေ့ကို ရောက်လာခဲ့တယ်.. အဲဒီ့နေ့က Appa ရဲ့ရှေ့နေရောက်လာပြီး Appa ရဲ့ သေတမ်းစာကို ကျွန်တော့်ဆီပေးခဲ့တယ်လေ...

ESTÁS LEYENDO
AFFECTION [Completed]
FanfictionHomin (Slightly Rated) (Uni + Zawgyi) ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ ကျွန်တော်ရင်အနာခံပြီး ချစ်တဲ့သူကိုရွေးခဲ့တာပဲ ဒါပေမယ့်လဲ.... နာကျင်မှုတွေများလာတဲ့အခါ နားခိုရာကိုရှာချင်လာမိတယ် ကျွန်တော်မှားသလား...??? ○○○Jung Yunho○○○ အချစ်ရဲ့နောက်မှာ အတ္တ...