Part 12

5.7K 356 26
                                        

(Zawgyi)

"သူကကျွန်တော့်ရဲ့ချစ်သူပါ Appa သူ့ကိုကျွန်တော် အိမ်မှာခေါ်ထားချင်တယ်"

Yun ကတော့ သူ့အဖေကိုမျှော်လင့်တကြီး တောင်းဆိုနေပေမယ့် ကျွန်တော်ကတော့ရှက်ရွံ့စွာနဲ့ ခေါင်းကိုတွင်တွင်ငုံ့ထားမိတယ်.. သိတတ်စအရွယ်တည်းက မတောင့်မတ မကြောင့်မကျနေလာရတာကနေ Appa ရုတ်တရတ်ကြီး ငွေအလွဲသုံးစားမှုဆိုပြီး ထောင်ကျသွားတော့မှ ကျွန်တော်တို့မိသားစုဘ၀ ဇောက်ထိုးတွေဖြစ်ကုန်ရတယ်...

အစတည်းက မိခင်ဖြစ်သူရဲ့ ကြင်နာမှုကိုမရခဲ့တဲ့ကျွန်တော်... ကျွန်တော့်ကိုအရမ်းချစ် အရမ်းအလိုလိုက်ခဲ့တဲ့ဖခင်ဖြစ်သူ ထောင်ကျသွားတော့ အရာအားလုံးဆုံးရှုံးရတာပဲလေ.. Omma ကကျွန်တော့်ကိုပစ်ပြီး နောက်အိမ်ထောင်ပြုသွားတယ်.. ဒါပေမယ့်လဲ သူကိုယ်တိုင်တောင် အငယ်အနှောင်းဘ၀မှာသာ နေရတာဆိုတာသိတော့ ကျွန်တော်ပိုပြီးရင်နာရတယ်...

ကျွန်တော်ကရော....?? ကျောင်းဆက်တက်ဖို့အတွက် ခန္ဓာကိုယ်ကိုရင်းနှီးပြီး ပိုက်ဆံရှာခဲ့ရတာပဲလေ.. ဟုတ်တယ် ဒီအိမ်ကြီးကိုသာ သံယောဇဉ်ဆက်တွယ်နေမယ်ဆို ပိုပြီးဆိုးလာဖို့ပဲရှိမှာ... အိမ်ကြီးကိုရောင်းပြီး Yun နဲ့ပဲအတူတူ အေးချမ်းတဲ့ဘ၀လေးမှာပဲ နေတော့မယ်...

"Jae ahh...!!"

လက်တဖက်ကိုလာဆုပ်ကိုင်ကာ ခပ်တိုးတိုးခေါ်လိုက်တဲ့ Yun အသံကြောင့် ကျွန်တော်လက်ရှိကာလကို ပြန်သတိရသွားတယ်.. Yun မျက်နှာကိုမော့ကြည့်မိတော့ Yun က သူ့အဖေရှိရာကို မေးဆတ်ပြတယ်.. ဟုတ်သားပဲ သူ့ရဲ့အဖေဆီက ခွင့်ပြုချက်ကို ကျွန်တော်ရမှဖြစ်မှာလေ...

"Annyoungsayaw Aboji Kim Jaejoong mita"

ကျွန်တော်မဝံ့မရဲနှုတ်ဆက်လိုက်ပေမယ့် Yun ရဲ့ Appa က သဘောကောင်းပုံရပါတယ်.. ကျွန်တော့်ကိုနွေးနွေးထွေးထွေးပင် ပြုံးပြတယ်လေ..

"သား Jaejoong မင်းရဲ့ကျောင်းဆက်တက်ဖို့ကိစ္စ Aboji တာဝန်ယူပေးပါ့မယ် ပြီးတော့ဒီအိမ်မှာလဲ နေလို့ရပါတယ်"

"Nae...?? Go...Gomawo Aboji"

ကျွန်တော်ဝမ်းသာအားရနဲ့ ကြမ်းပြင်ပေါ်ဆင်းကာ Yun Appa ကို ထိုင်ကန်တော့မိတယ်.. သူတို့မိသားစု ဒီလောက်နွေးထွေးမှန်းသိရင် ကျွန်တော်အစတည်းက ရွေးချယ်မိမှာပါ...

AFFECTION [Completed]Dove le storie prendono vita. Scoprilo ora